နေပြည်တော် ၊ မေ ၃
ယခင်အစိုးရလက်ထက် ဆန္ဒပြသူအမြောက်အများအား ထောင်ဒဏ်အပြစ်ပေးခဲ့သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ (ငြိမ်း၊စု၊စီ) အား ပြင်ဆင်နိုင်ရန် ရက်ပိုင်းအတွင်း လွှတ်တော်သို့တင်ပြသွား မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အချို့ထံမှသိရသည်။
“ပုဒ်မတော်တော်များများကိုပြင်မှာပါ၊ ဥပမာ ပုဒ်မ ၁၈ လိုကိစ္စမျိုးတွေပေါ့ အပြီးဖျက်မှာတော့မဟုတ်ဘူး၊ အရင် တုန်းက ဆန္ဒပြမယ်ဆိုရင် ခွင့်ပြမိန့်တင်ရတယ် အခုအဲ့လိုမျိုးတင်စရာမလိုအောင်ကို လုပ်မှာပါ”ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။
ငြိမ်း၊ စု၊ စီ ဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြေငြာစာအမှတ် ၃၆၄/၂၀၁၂ ဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းစွာစုဝေးခွင့်ကို ဖြစ်စေ၊ စီတန်းလှည့်လှည်ခွင့်ကို ဖြစ်စေ၊ ရရှိလိုသူသည် သက်ဆိုင်ရာပုံစံဖြင့် ဆောင် ရွက်လိုသည့်နေ့ မတိုင်မီ ၅ ရက် ကြိုတင်၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ လျှောက်ထားရမည်ဖြစ်ပြီး၊ မြို့ နယ် တစ်ခုထက်ကျော်လွန်ဆောင်ရွက်လိုပါက ဆောင်ရွက်လိုသော မြို့နယ်အားလုံး၏ သက်ဆိုင်ရာ မြို့နယ် ရဲမှူးများထံ လျှောက်ထားရမည်ဟု ဖော်ပြပါရှိသည်။
ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies
ငြိမ်း၊ စု၊ စီ ဥပဒေ အားရက်ပိုင်းအတွင်း ပြင်ဆင်၍ လွှတ်တော်တင်မည်
Reviewed by THITHTOOLWIN
on
20:07
Rating: