စစ်တွေမြို့ ဘောဒူဖ ကယ်ဆယ်ရေးစခန်းအမှတ်(၂)မီးလောင်

(ဓာတ်ပုံ လူ ၊ ကယ်၊ ပြန် )
စစ်တွေမြို့ ဘောဒူဖ ကယ်ဆယ်ရေးစခန်းအမှတ်(၂)မီးလောင် သက်ဆိုင်ရာက ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၃

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒူဖ ကယ်ဆယ်ရေးစခန်းအမှတ်(၂)တွင် ယနေ့ နံနက်ပိုင်းက (၈)ခန်းတွဲ၊ အဆောင်(၁) အခန်း(၄)မှစ၍ မီးလောင် ကျွမ်း မှု ဖြစ်ပွား ခဲ့ရာ (၈)ခန်းတွဲ အဆောင်(၄၉)ဆောင် စုစုပေါင်း (၃၉၂)ခန်း မီးကူးစက်လောင် ကျွမ်း ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က အဆိုပါကယ်ဆယ်ရေးစခန်း အဆောင် (၁) အခန်း(၄)နေ အဒူဟိုက်၏ နေအိမ်ခန်း မီးဖိုဆောင်တွင် ထမင်း ချက်ရာမှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် (၈)ခန်းတွဲ အဆောင် (၄၉) ဆောင် အခန်း(၃၉၂)ခန်း မီးလောင်ဆုံးရှုံးကာ မီးကူး စက်လောင် ကျွမ်းမှု မရှိစေရေး အတွက် (၈)ခန်း တွဲအဆောင် (၆)ဆောင်အား ဖျက်ဆီး ခဲ့ရကြောင်း၊ မီးလောင် မှုဖြစ်စဉ် ကြောင့် ကာလ တန်ဖိုးငွေ ကျပ် (၁၃၇၅) သိန်း ဆုံးရှုံးခဲ့ရကြောင်း၊ မီးလောင် ကျွမ်းရာသို့ မီးသတ် ဦးစီး ဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ (စစ်တွေ)မြို့မှ တာဝန် ရှိသူ များ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ရာ နံနက်(၁၀)နာရီတွင် မီးငြှိမ်း သတ်နိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေးစခန်းအတွင်းရှိ ဒုက္ခသည်အိမ်ထောင်စု (၄၃၅)စု စုစုပေါင်း လူဦးရေ (၁၇၄၄)ဦးတို့အား အုန်းတောကြီး ကယ်ဆယ်ရေး စခန်း ရှိ ဈေးဆိုင် တန်းများ တွင် နေရာချထားပေးပြီး ထိခိုက်ဒဏ်ရာ ရသူများ အား မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း (စစ်တွေ)က အရေးပေါ် ကယ်ဆယ် ကုသခြင်း၊ ပျောက်ဆုံးသူများ ရှာဖွေခြင်း၊ ဆေးဝါး များ ထောက်ပံ့ခြင်း များ ဆောင်ရွက်ပေး လျက်ရှိပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ရခိုင်ပြည်နယ် ဦးစီး မှူး ရုံး မှ တာဝန် ရှိသူ များ ကလည်း မိသားစုသုံး ကယ်ဆယ်ရေး ပစ္စည်း များကို အိမ်ထောင်စု အလိုက် ထောက်ပံ့ ပေးခြင်း၊ ယာယီနေထိုင်ရန် အတွက် မိုးကာ တဲကြီး များ ဆောင်ရွက်ပေးခြင်း တို့ကို ရခိုင်ပြည်နယ် အစိုရအဖွဲ့၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့ ဘောဒူဖ ကယ်ဆယ်ရေးစခန်းအမှတ်(၂)မီးလောင်  စစ်တွေမြို့ ဘောဒူဖ ကယ်ဆယ်ရေးစခန်းအမှတ်(၂)မီးလောင် Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.