ပေါက်မြို့ နယ်မှာ လေပြင်းမုန်တိုင်းကြောင့် အိမ်နှင့် တိရိစ္ဆာန်များ သေကြေပျက်စီး
ဓါတ်ပုံ - ပေါက်မြို့သတင်းစုံ 
 ၁၂-၅-၂၀၁၆ မေလ (၁၂)ရက်နေ့  ညနေ ၄ နာရီခန့် က မကွေးတိုင်းဒေသကြီး ပေါက်မြို့ နယ်မှာ လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးများ ရွာသွင်းခဲ့ရာ မိုးသီးများပါ ကြွေကျခဲ့ပါတယ်။
အဆိုပါ လေပြင်းမုန်တိုင်းကြောင့် ပေါက်မြို့နယ် တောင်မြင့်ကျေးရွာတွင် နွားမကြီး (၅)ကောင်၊ နွားကလေး (၁)ကောင် သေဆုံးပြီး နွားထီးကလေး (၁)ကောင် ခါးကျိုး၊ နွားမကလေး (၁)ကောင် ပေါင်ကျိုးခဲ့ပါတယ်။
အိမ်(၁)လုံး မန်ကျည်းပင်ပိခြင်းများလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ဓါတ်ပုံ - ပေါက်မြို့သတင်းစုံ 
အလားတူ ၁၂-၅-၂၀၁၆ မေလ (၁၂)ရက်နေ့  ညနေ ၄ နာရီခန့် က လေပြင်းနှင့် မိုးများရွာသွင်းခဲ့ရာမှာ ပေါက်မြို့နယ် ကူးကားကျေးရွာအုပ်စု ကူးကားကျေးရွာတွင် စာသင်ကျောင်းအပါအဝင် အိမ်ခြေ (၈) လုံးခန့်  ခေါင်မိုးများလန်ကျခဲ့ပြီး လူနှင့်တိရိစ္ဆာန်များသေကြေ မှုမရှိပါ ။
အဆိုပါ ပျက်စီးမှုများကို ပေါက်မြို့နယ်ရဲတပ်ဖွဲ့ မှ ပျက်စီးအိမ်ခေါင်မိုးနှင့် သွပ်ပြားများ သွားရောက်ကူညီရွှေ့ ပြောင်းပေး ခဲ့ကြောင်းလည်း သိရပါတယ်။
အလားတူ (၁၂-၅-၂၀၁၆) ညနေ ၅:၀၀ ဝန်းကျင်ခန့်တွင် လေပြင်းကျ၊ မိုးသီးကြွေသောကြောင့် ပေါက်မြို့နယ်၊ ကျောက်တံခါးကျေးရွာတွင် သွပ်မိုးအိမ် (၁၀၀)ခန့်နှင့် သက်ကယ်မိုးအိမ်တချို့ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်အချို့လည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ အဲဒီရွာမှာ လူဦးရေ (၈၅၀)ခန့်၊ အိမ်ခြေ(၂၀၀)ခန့်ရှိပါတယ်။
သစ်ထူးလွင်
Powered by Blogger.