မိုင်တိုင် ၁၅၅/၄-၅ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား (၁)ဦးသေဆုံး


ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၅၅/၄ နှင့် ၁၅၅/၅ ကြား အပြန်လမ်း၌ (၁-၅-၂၀၁၆)ရက် နံနက် (၁၁း၃၀)အချိန်ခန့်တွင် ယာဉ်အမှတ် 5F-×××× PRADO အဖြူရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်း Road Curb တုံးများအား ၀င်တိုက်မိပြီး လေးပတ်ခန့်လိမ့်ကာ တစောင်းအနေအထား တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။


ယာဉ်ပေါ်တွင် ကျား(၂)ဦး၊ မ(၁)ဦး၊ စုစုပေါင်း (၃)ဦး စီးနင်းလိုက်ပါ လာကြပြီး ယာဉ်မောင်း ကျား(၁)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးကာ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။


အဆိုပါ ယာဉ်မတော်တဆမှုအား ဇီးပင်သာ အမြန်လမ်းရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။

Ministry of Construction
https://www.facebook.com/MinistryofConstruction/
မိုင်တိုင် ၁၅၅/၄-၅ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား (၁)ဦးသေဆုံး   မိုင်တိုင် ၁၅၅/၄-၅ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား (၁)ဦးသေဆုံး Reviewed by THITHTOOLWIN on 11:38 Rating: 5
Powered by Blogger.