စပိန်မီးဘေး မြို့ကနေလူတွေ ထွက်ခွာနေရ

ကားတိုင်ယာ တွေ ပုံထားတဲ့ ကွင်းပြင်ကြီး မီးလောင် နေ
စပိန်မှာ တာယာတွေ ပုံထားတဲ့ ကွင်းပြင်ကြီးတခု မီးလောင်နေပြီး အဆိပ်ပါတဲ့ မီးခိုးမဲတွေ ထွက်နေတာကြောင့် အနီးမှာရှိတဲ့ မြို့ က လူတွေ ကို နေအိမ်တွေ ကနေ တခြားကို ထွက်ခွာဖို့ အမိန့်ထုတ် ထားပါတယ်။

မက်ဒရစ် မြို့တော်တောင်ပိုင်း က ဆက်စီနာ မြို့ မှာ ၁၁ ဟက်တာလောက်ကျယ်ဝန်းတဲ့ ကွင်းထဲမှာ တိုင်ယာ တွေ စွန့်ပစ်ပုံထားကြတာ ဖြစ်ပြီး အဲဒီကွင်းမှာ မီးလောင်နေတာ ပါ။

အဲဒီမြို့မှာ လူ ၉ ထောင် လောက်နေနေ ကြပြီး လူ ၈ ထောင်လောက်က အိမ်တွေ ကိုစွန့်ခွာထွက်လာ ပေမယ့် လူ ၁ ထောင် လောက် မြို့မှာ ကျန်နေဆဲ ဖြစ်ပါတယ်။

မီးသတ်သမားတွေ မီးငြိမ်းသတ် ဖို့ ကြိုးစား နေဆဲဖြစ်ပြီး ဒါ တယောက်ယောက် က တမင် ရှို့ခဲ့တာ လို့ အာဏာပိုင်တွေ က သံသယ ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
စပိန်မီးဘေး မြို့ကနေလူတွေ ထွက်ခွာနေရ  စပိန်မီးဘေး မြို့ကနေလူတွေ ထွက်ခွာနေရ Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.