နိုင်ငံတော်အတိုင်ပင်ခံရာထူး ရယူခြင်းဟာ အခြေခံဥပဒေနဲ့ မဆန့်ကျင်


ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံရာထူး ရယူခြင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မဆန့်ကျင်ကြောင်း NLD ပါတီ ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန် က သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဝင်းထိန်ကို RFA ကဆက်သွယ်မေးမြန်းရာ အဲ့ဒီစာဟာ သူကိုယ်တိုင်ရေးသားထားတာဖြစ်ကြောင်း အတည်ပြုပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ စ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်မလာအောင် ရည်ရွယ်ပြီး ရေးသားထားတဲ့ ဥပဒေဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရာထူးဟာ ပုဒ်မ ၅၉ စ ကို ဥပဒေကြောင်းအရ ရှောင်လွှဲနိုင်ဖို့ ကြိုးပမ်းချက်ဖြစ်ကြောင်း ရေးသားပါရှိပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့မူကို စွဲကိုင်ထားပြီး တပ်မတော်၊ ပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို အမြန်ဆုံးယုံကြည်မှုတည်ဆောက်ကာ ငြိမ်းချမ်းလုံခြုံတဲ့ အနေအထားဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်တဲ့အတွက် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေမှ ကိုယ်တိုင်ရပ်တည်မှုအတွက် စိုးရိမ်ပူပန်ဖို့ မလိုကြောင်း ရေးသားထားပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
နိုင်ငံတော်အတိုင်ပင်ခံရာထူး ရယူခြင်းဟာ အခြေခံဥပဒေနဲ့ မဆန့်ကျင်  နိုင်ငံတော်အတိုင်ပင်ခံရာထူး ရယူခြင်းဟာ အခြေခံဥပဒေနဲ့ မဆန့်ကျင် Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.