ရုရှားအပျော်စီးသင်္ဘော တစ်စင်းကို ဖမ်းဆီးထိန်းသိမ်း ထားခြင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယား ၏ ဖြေရှင်းချက်အား ရုရှားစောင့်ဆိုင်း
မော်စကို ၊ ၁၅-၅-၂၀၁၆
နိုင်ငံ၏ ရေပိုင်နက် အတွင်း ဝင်ရောက်လာသည့် ရုရှား အပျော်စီး သင်္ဘောတစ်စင်း ကို မြောက်ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း နှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံက မြောက်ကိုရီးယား အစိုးရ၏ ဖြေရှင်းချက်ကို စောင့် ဆိုင်းလျက် ရှိကြောင်း ရုရှားသံရုံးက မေ ၁၄ ရက်တွင် ပြောကြားကြောင်း Sputnik သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ သင်္ဘောပေါ် ၌ ရုရှား အားကစားသမား ငါးဦး လိုက်ပါလာခဲ့ပြီး ရုရှားသင်္ဘော ကို ဖမ်းဆီးခဲ့ခြင်း နှင့် ပတ်သက်၍ မြောက်ကိုရီးယား ထံမှ ဖြေရှင်းချက် တစ်စုံတစ်ရာ ထွက်ပေါ် လာခြင်း မရှိသေးကြောင်း နှင့် ဖမ်းဆီးထား သည့် သင်္ဘောကို ချက်ချင်း လွှတ်ပေးရန် ရုရှား သံရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒဲနစ်ဆမ်ဆိုနော့ဗ် က တောင်းဆို ထားသည်။
ယခုအခါ ရုရှားအစိုးရ သည် ၄င်းတို့၏ ကောင်စစ်ဝန်ချုပ် ကို သင်္ဘောနှင့် အားကစား သမားများအား ထိန်းသိမ်း ထားသည့် မြောက်ကိုရီးယား နိုင်ငံ ကင်မ်ချိခ် ဆိပ်ကမ်းမြို့ သို့ သွား ရောက်ရန် စေလွှတ် ထားကြောင်းနှင့် အဆိုပါ ရုရှား အားကစားသမား များသည် ရုရှားနိုင်ငံ အရှေ့ဖျားရှိ ပရင်စော့စကီ ဒေသမှ Elfin သင်္ဘောနှင့်အတူ မေ ၁၄ ရက် နံနက် အစောပိုင်းက ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
ရုရှားအပျော်စီးသင်္ဘော တစ်စင်းကို ဖမ်းဆီးထိန်းသိမ်း ထားခြင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယား ၏ ဖြေရှင်းချက်အား ရုရှားစောင့်ဆိုင်း
Reviewed by THITHTOOLWIN
on
10:09
Rating: