လမ်းမပေါ်သို့ ပြုတ်ကျနေသော လျှပ်စစ်ဓာတ်ကြိုးကို ကိုင်မိရာမှ ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး

(သေဆုံးသူ မောင်ဇော်နိုင်ထွန်း ဓာတ်ပုံ)
နိရဉ္စရာ၊ မေ ၂၆

ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ဆားပြင်ကွင်း ဆင်းလမ်း(၁)တွင် မေလ ၂၆ ရက် နံနက် ၆ နာရီကျော်ခန့်က လမ်းမပေါ်သို့ ပြုတ်ကျနေသော ဓာတ်ကြိုးအား ကိုင်မိသဖြင့် ကလေးငယ်တစ်ဦး ဓာတ်လိုက်ပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ဆားပြင်ကွင်း (၁) လမ်းတွင် နေထိုင်သူ ဦးလှမြင့်၏ သား မောင်ဇော်နိုင်ထွန်း အသက်(၈)နှစ် ဖြစ်ကြောင်းသိရသည်။

မောင်ဇော်နိုင်ထွန်းသည် နေအိမ်ရှေ့ ဓာတ်တိုင်မှ ကြိုးပြတ်ပြီး လမ်းမပေါ်သို့ ပြုတ်ကျနေသော လျှပ်စစ်ကြိုးကို ကိုင်မိသောကြောင့် ဓာတ်လိုက်ပြီးသေဆုံးခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ အတည်ပြု ပြောကြားသည်။

“ ရပ်ကွက် အတွင်းမှာ သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်ကြိုးက မိုးရွာပြီး လေပြင်း တိုက်ခတ်ရာကနေ ကြိုးပြတ်တောက်ပြီး လမ်းမပေါ်ကို ပြုတ်ကျနေတယ်။ ကလေးက လျှပ်စစ်ကြိုးကို သွားကိုင်တော့ ဓာတ်လိုက်ပြီး သေဆုံးသွားပါတယ်” ဟု ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ကျအရာရှိ တစ်ဦးကပြောကြားသည်။

အဆိုပါအခင်းဖြစ်စဉ်အား ကျောက်ဖြူမြို့မရဲစခန်းမှ အမှတ်စဉ် ၁၁/၁၆ဖြင့် ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးမိုးဇော်သူ က ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျော်ဝင်း (ကျောက်ဖြူ)
Narinjara
https://www.facebook.com/Narinjara-
လမ်းမပေါ်သို့ ပြုတ်ကျနေသော လျှပ်စစ်ဓာတ်ကြိုးကို ကိုင်မိရာမှ ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး  လမ်းမပေါ်သို့ ပြုတ်ကျနေသော လျှပ်စစ်ဓာတ်ကြိုးကို ကိုင်မိရာမှ ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.