ဓါတ်ပုံ - (facebook) |
တရားခံပြေးဟာ မူးယစ်ဆေးဝါးမှုနဲ့ အမှုဖွင့်ခံထားရသူ အသက်(၂၄)နှစ်အရွယ် သီဟနိုင် (ခေါ်)ညီငယ်ဆိုသူဖြစ်ပြီး သူဟာ ထားဝယ်မြို့နယ် ပိန္နဲတောရပ်ကွက် သုခလမ်းမှာ အိမ်ခန်းငှားပြီး နေထိုင်နေ တယ်လို့ သတင်းရတာကြောင့် ထားဝယ်မြို့နယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီလိုဖမ်းဆီးရာမှာ တရားခံဟာ ထွက်ပြေးခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်အင်အား (၂၄)ဦးနဲ့ လိုက်လံဖမ်းဆီးခဲ့ရာ ရွှေတောင်စားလမ်းအရောက်မှာ တရားခံပြေးဟာ သူနဲ့အတူပါလာတဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်သားထွန်းအေး ဆိုသူ သေဆုံးခဲ့ပါတယ်။
အဲဒီနောက် တရားခံပြေးကိုလည်း ဖမ်းဆီးရမိခဲ့သလို ထားဝယ်မြို့မရဲစခန်းက ပြစ်မှုနံပါတ် (၂၅၄/၂၀၁၆) ၊ ပြစ်မှုပုဒ်မ (၃၀၂)အရ အမှုဖွင့်အရေးယူခဲ့ပါတယ်။ အဲဒီနောက် တရားခံ သီဟနိုင် (ခေါ်) ညီငယ်နေထိုင်ခဲ့ရာ အိမ်ခန်းကိုလည်း သွားရောက်စစ်ဆေးရာ အမျိုးသမီး (၃)ဦး၊ အမျိုးသား (၁)ဦးနဲ့အတူ မူးယစ်ဆေးပြား (၅၀၀)ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ထပ်မံဖမ်းဆီးရမိခဲ့တဲ့ စုစုပေါင်း (၄)ဦးကို ထားဝယ်မြို့မရဲစခန်းက မူးယစ်ပြစ်မှုပုဒ်မ (၁၈/၂၀၁၆) ၊ ပြစ်မှုပုဒ်မ (၁၅/၁၉(က)/၂၁/၂၂ (ခ))အရ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews
ဓါတ်ပုံ - ဟိန်းအာကာ |
တရားခံပြေးတစ်ဦးကို ဖမ်းဆီးရင်း ရဲတပ်သားတစ်ဦး သေနတ်ထိမှန်သေဆုံး
Reviewed by THITHTOOLWIN
on
21:32
Rating: