စစ်ဘေးရှောင် သီပေါလူထု ရွာတွင်ကျန်ခဲ့သည့်ပစ္စည်းများ ခိုးဖောက်ခံရ

ဓါတ်ပုံ- သီပေါမြို့က စစ်ဘေးရှောင်လူထုအား ၄င်းတို့ခိုလှုံနေသည့်ဘုန်းတော်ကြီးကျောင်းတွင်တွေ့ရစဉ်
မေလ ၂၉ ရက် ၂၀၁၆

မေလဆန်းက သျှမ်းပြည်တိုးတက်ရေးပါတီအား အစိုးရတပ်မတော်မှ ထိုးစစ် ဆင်တိုက်ခဲ့မှုကြောင့် သီပေါမြို့နယ်အတွင်း ရွာပေါင်း ၉ ရွာမှ ရွာသားများ စစ်ဘေးရှောင်နေရပါသည်။

သီပေါမြို့နယ်ရှိဘုန်းကြီးကျောင်းများတွင် ရောက်ရှိနေသော စစ်ဘေးရှောင် လူထု ၁၀၀၀ ကျော်မှာ ရပ်ရွာတွင်ကျန်ရစ်ခဲ့သော အိမ်မွေးတိရစ္ဆာန်များနှင့် ပစ္စည်းအသုံးအဆောင်အစားအသောက်များ ဖမ်းဆီးသတ်ဖြတ်၊ ဖောက်ထွင်း ခိုးယူခြင်းခံရကြောင်း ဒေသခံများကပြောသည်။

“ဘုန်းကြီးကျောင်းရောက်တာဘယ်လောက်မှမကြာသေးဘူး။ အခြေ အနေပြန်သွားကြည့်တော့ အိမ်တွေဖောက်ခံရတယ်။ ကျွဲနွားတွေ သတ်ဖြတ် စားသောက်တာခံရတယ်။ ကျန်နေခဲ့တဲ့ ပစ္စည်း တွေ လယ်ယာသုံး ကိရိ ယာ တွေ ကို အလကားယူသွားတယ်။ ယူသွားလို့မရ တဲ့ဟာဆိုရင်တော့ ရိုက်ခွဲပစ်လိုက်တယ်။ လယ်ထွန်စက်၊ ဆိုင်ကယ် ၊ စက်ဘီးေ တွပေါ့။ နောက် ပြီး ကုန်စုံဆိုင်တွေရိုက်ခွဲ၊ ပစ္စည်းတွေကိုဖျက်ဆီးခံရတယ်။ ရွာနဲ့အနီးတဝိုက် မှာ အစိုးရ စစ်ကြောင်းကလှုပ်ရှားနေတယ် ”- စစ်ဘေးရှောင် ဒေသခံ စိုင်းဆမ် ကပြောသည်။

သီပေါမြို့က မြို့ဟောင်းဘုန်ကြီးကျောင်းတွင်စစ်ဘေးရှောင်ဦးရေ ၃၀၄ ဦး၊ ဘိုးတော်ကျောင်းတိုက်က ၂၈၆ ဦး၊ ရွှေကျင်ကျောင်းတိုက်က ၁၇၉ ဦး ၊ စန္တိရာမာကျောင်းတိုက်တွင် သံဃာတော် ၉၆ ပါး တို့ စစ်ဘေးရှောင်နေရပြီး ခုချိန်တိုင် လုံခြုံရေးကြောင့် နေရပ်မပြန်ရဲသေး ကြောင်း စစ်ပြေးရှောင် ဒုက္ခသည်တဦးကပြောသည်။

စစ်ဘေးရှောင်များမှာ စစ်ဘေးဒဏ်ခံရသော နမ့်မ မောက်တောင်းအုပ်စု အတွင်းနှင့် ပတ်ဝန်းကျင်ရွာမှ ရွာသားများဖြစ်ကြောင်းသိရသည်။

တအိမ် ကျပ်သိန်း ၁၀၀ နဲ့အထက်မှာရှိတယ်ဆုံးရှုံးမှုက- ဟု ဆုံးရှုံးမှုနှင့်ကြုံရ သည့်ဒေ သခံ စိုင်းနောင့်ကပြောသည်။

ရွာသားစိုင်းပေတိကမူ- “အခုကလေးတွေကျောင်းအပ်ချိန်ရောက်ပြီလေ။ ကျနော့်ကလေးက အကြီးတယောက်က လားရှိုးမှာကျောင်းသွားတက်တယ်။ တယောက်က မောက်တောင်းမှာတက်တယ်။ ဒီနှစ် ကျနော်တို့စစ်ဘေးကြုံရ တဲ့အပြင် နေအိမ်အဖောက်ခံရတယ်။ ပစ္စည်းတွေ ခိုးခံရတယ်။ ခုကျနော့မှာ ပိုက်ဆံလည်းမရှိတော့ဘူး။ သား ၂ ယောက် ကိုကျောင်းပို့ဖို့လည်း ပိုက်ဆံ မရှိဘူး။ အရင်းအနှီးလုပ်ဖို့လည်းပိုက်ဆံမရှိတော့ဘူး”- ဟု ရွာသားစိုင်းပေတိကပြောသည်။

“တိုက်ပွဲတွေရပ်ဖို့တောင်းချင်တယ်။ အခုလည်း လယ်သမားတွေ လယ် ယာပြန်ဆင်းရမယ့် အချိန်ရောက်နေပြီ။ တိုက်ပွဲတွေဆက်ဖြစ်နေရင် အလုပ် အကိုင်ပျက်တယ်။ လူထုဘ၀ပျက်တယ်။ အဖမ်းခံရ အသတ်ခံရတယ်။ ဒါကြောင့်တိုက်ပွဲများရပ်ပေးပါ။ ကျနော်တို့ အိမ်ပြန်ချင်ပါတယ်” - ဟု သီပေါမြို့ဟောင်းဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင် လယ်သမား လုံးစိုင်းကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည်အစိုးရနှင့် ၂၀၁၂ ခုနှစ်ကတည်းက ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အပစ်ရပ် သဘော တူထားသည့်တပ်ဖွဲ့ဖြစ်သည်။ သို့သော် အပစ်ရပ်ပြီးနောက်ပိုင်းတွင်လည်း နယ်မြေရှင်းလင်းရေးဟုဆိုကာ အစိုးရတပ်မတော်သည်အင်အား သုံးကာ ထိုးစစ်ဆင်လာခဲ့သည်မှာ တိုက်ပွဲပေါင်း ၁၀၀ ထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်/အိုက်ကောန်းလျဲန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese

စစ်ဘေးရှောင် သီပေါလူထု ရွာတွင်ကျန်ခဲ့သည့်ပစ္စည်းများ ခိုးဖောက်ခံရ  စစ်ဘေးရှောင် သီပေါလူထု ရွာတွင်ကျန်ခဲ့သည့်ပစ္စည်းများ ခိုးဖောက်ခံရ Reviewed by THITHTOOLWIN on 05:10 Rating: 5
Powered by Blogger.