ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးနဲ့ ဒေသခံများ ဆွေးနွေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က စွန့်ပစ်မြေစာပုံတွေမှာ ရေမဆေးကျောက် ရှာဖွေနေသူတွေကို တွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
ဖားကန့်မြို့မှာ ရောက်ရှိနေတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဦးအုန်းဝင်းက သဘာဝ သယံဇာတပစ္စည်းများကို စနစ်တကျထုတ်ယူရေး၊ ရေရှည် တည်တံ့ရေးအပြင် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး မြို့မိ မြို့ဖများနဲ့ တွေ့ဆုံပြီး ဆောင်ရွက်မယ့် အစီအစဉ်တွေ ဒီကနေ့ ချပြပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဖါးကန့်မြို့ ၅ ရပ်ကွက်က မြို့မိမြိုဖများ၊ လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။  အဓိက ဖားကန့်မြို့က သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေတာတွေကို ပြုပြင်ရေးကို ပြောခဲ့ပါတယ်။ မနေ့ကလည်း ဥရုချောင်းနဲ့ ကျောက်စိမ်းတွင်းလုပ်ငန်းတွေ မြေစာပုံတဲ့ နေရာတွေကို သွားရောက်ကြည့်ရူ ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့အတူ ကျောက်မျက်ရတနာနဲ့ သတ္တုတွင်းက တာဝန်ရှိပုဂ္ဂိုလ်များ သဘာဝ ထိမ်းသိမ်းရေးပညာရှင်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဝန်ကြီးနဲ့အဖွဲ့ဟာ ဒီကနေ့ ဒေသခံတွေနဲ့ အမှတ် ၄ ကျောက်မျက်ရုံးမှာ တွေ့ဆုံဆွေးနွေးအပြီး မွန်းလွဲပိုင်းမှာ မြစ်ကြီးနားမြို့ကို ပြန်လည်ထွက်ခွာသွားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးနဲ့ ဒေသခံများ ဆွေးနွေး  ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးနဲ့ ဒေသခံများ ဆွေးနွေး Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.