ကျောင်းဆရာ/ဆရာမများအား နိုင်ငံတော်မှ လစာငွေ အပြည့်အ၀ရရှိစေရန်နှင့် လွယ်ကူစွာထုတ်ယူနိုင်ရန်အတွက် မန္တလေးမြို့ရှိ အထက်တန်းကျောင်း ၅ ကျောင်းတွင် Bank Account ဖွင့်လှစ်က ATM ကတ်ဖြင့် စမ်းသပ်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး ကပြောသည်။
၁၀၀ စီမံချက်တစ်ခုအဖြစ် ဆရာဆရာမများအား ATM ကတ်ဖြင့် လစာငွေချထားပေးမည်ဖြစ်ရာ ဘဏ်အတိုး နုန်းလည်း ရရှိနိုင်ပြီး ဇွန်လဆန်းတွင် ဘဏ်များက သက်ဆိုင်ရာကျောင်းများသို့ လာရောက်လုပ်ဆောင်ပေး မည်ဟုဆိုသည်။
“ဒီလ တော့မမှိတောဘူး ။နောက်လမှ စလို့ရမယ်။ ATM နဲ့ ပေးတာကို အဆင်ပြေလား/မပြေလား ဆိုတာ ၆ လလောက် အချိန်ယူစောင့်ကြည့်မယ်။အဆင်ပြေရင် တခြားကျောင်းတွေကိုလည်း နောက် Pilot Project အနေနဲ့ ဆက်လုပ်သွားမယ်။လစာအပြည့်ရစေချင်တာရယ်၊လွယ်ကူစာထုတ်ယူနိုင်ဖို့ပါ”ဟု ၀န်ကြီးကပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စတင်ဆောင်ရွက်မည့် အထက်တန်းကျောင်းများမှာ အမှတ်-၁(အထက)၊ အမှတ်-၄(အထက)၊အမှတ်-၈ (အထက)၊ အမှတ်-၁၄ (အထက)၊ အမှတ်-၁၆ (အထက) တို့တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်သည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မန္တလေး အထက်တန်းကျောင်း ၅ ကျောင်းတွင် ATM ကတ်ဖြင့် လစာပေးခြင်း စတင်မည်
Reviewed by THITHTOOLWIN
on
16:48
Rating: