ထိုင်းနိုင်ငံ ဘဏ် တခုပိုင် ATM စက် တခုလုံး အခိုးခံရ


May 2, 2016 11:09 am

ထိုင်းထိုင်ငံ စမုတ်ပကမ် မှ Bank of Ayudhya အယုဒရ ဘဏ်ရဲ့  ATM စက် တအုံလုံး အခိုးခံလိုက်ရကြောင်း သိရပါတယ်။ မေလ(၁)ရက်နေ့ ညပိုင်းမှာ အရေအတွက် မသိရတဲ့ သူခိုးအုပ်စုက ATM အုံကြီး တခုလုံးကို မယူသွားခဲ့ကြပါတယ်။


စက်အတွင်းမှာ ထိုင်းဘတ်ငွေ (၂)သန်း (ကျပ်ငွေ သိန်း ၃၀၀)ပါသွားတယ်လို့  ဘဏ်တာဝန်ရှိသူတွေက ပြောပါတယ်။ သူခိုးတွေဟာ ATM ရဲ့  လုံခြုံရေး စနစ်ကိုဖြတ်ခဲ့ပြီး မနက် ၂း၃၀ မှာပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

သူခိုးတွေဟာ Gas အိုးသုံးပြုတဲ့ ဂဟေ ဖြတ်စက်ကိုအသုံးပြုပြီး လုံခြုံရေးသော့တွေကို ဖြတ်တောက်ပြီး စက်ကြီးတခုလုံး မယူသွားခဲ့ပါတယ်။ ရဲတွေအနေနဲ့  CCTV မှတ်တမ်းကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး သူခိုးတွေ
ဖမ်းမိနိုင်ဘို့  ဆက်လက် လုပ်ဆောင်နေကြောင်းသိရပါတယ်။

Credit Thai PBS
Social Action for Women - SAW (fb)
ထိုင်းနိုင်ငံ ဘဏ် တခုပိုင် ATM စက် တခုလုံး အခိုးခံရ  ထိုင်းနိုင်ငံ ဘဏ် တခုပိုင် ATM စက် တခုလုံး အခိုးခံရ Reviewed by THITHTOOLWIN on 12:00 Rating: 5
Powered by Blogger.