နယူးယောက် ပြည်နယ်မှာ အနိုင်ရရှိပြီးနောက် ဟီလာရီ ကလင်တန် အောင်ပွဲခံစဉ် (Credit: Reuters) |
ကုဋေကြွယ်သူဌေး Donald Trump က ရီပါကလေကန် ပါတီအတွက် သမ္မတလောင်း ဖြစ်ဖို့ ပိုနီးစပ်လာသလို ဒီမိုကရက်ပါတီဘက်မှာလည်း ဟီလာရီ ကလင်တန်က သူ့ပါတီအတွက် သမ္မတလောင်း ဖြစ်ဖို့ နီးစပ်လာတာပါ။
အခုလောလောဆယ် ရလဒ်အရ ဒီမိုကရက်ပါတီမှာ Bernie Sanders က ဟီလာရီ ကလင်တန်ကို အနိုင်ရဖို့ လုံးဝ အလားအလာ မရှိတော့ဘူးလို့တောင် သုံးသပ်နေကြပါတယ်။
Donald Trump ဟာလည်း သမ္မတလောင်းဖြစ်ခွင့်ရဖို့ ထောက်ခံမဲ့ ၁၂၃၇ မဲ လိုအပ်ပြီး အဲဒီ အရေအတွက် ရဖို့ ပိုနီးစပ်လာနေပြီ ဖြစ်ပါတယ်။
လာမယ့် အင်္ဂါနေ့ကျရင်လည်း အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ် ၅ ခုမှာ သမ္မတလောင်း ရွေးချယ်ပွဲ ပြုလုပ်ဖို့ရှိပြီး အဲဒီ ပြည်နယ်တွေမှာလည်း ကလင်တန်နဲ့ Trump တို့ပဲ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
နယူးယောက်မှာ Trump နဲ့ ကလင်တန် အနိုင်ရ
Reviewed by THITHTOOLWIN
on
15:12
Rating: