ရီပါပလေကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Donald Trump (Credit: AFP) |
ဝါရှင်တန် ဒီစီမှာ ပြုလုပ်နေတဲ့ နျူကလီးယား ညီလာခံမှာ အကြမ်းဖက်မှုနဲ့ မြောက်ကိုရီးယား အကြောင်းကို အဓိက ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေက နျူကလီးယား လက်နက် မပြန့်ပွားရေးအတွက် လုပ်ဆောင်ချိန်မှာပဲ Donald Trump က အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်နဲ့ ကိုရီးယားလို နိုင်ငံကို နျူကလီးလက်နက် ထုတ်လုပ်ခွင့် ပြုမယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ မဟာမိတ် ဆော်ဒီ အာရေးဘီးယားကိုလည်း နျူကလီးယား လက်နက် ထုတ်လုပ်ခွင့်ပေးပြီး တောင်ကိုရီးယားနဲ့ ဂျပန်မှာ ရှိတဲ့ စစ်သားတွေကို ပြန်ခေါ်မယ်လို့ ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံကို IS အစ္စလာမ်မစ် အဖွဲ့က တိုက်ခိုက်လာရင်လည်း နျူကလီးယား လက်နက်နဲ့ တုန့်ပြန်လိုက်မယ်လို့ ပြောဆိုခဲ့ပါတယ်။
မစ္စတာ Trump ရဲ့ ပြောဆိုမှုတွေဟာ တာဝန်ယူမှု ကင်းမယ့်တဲ့ ပြောဆိုမှု ဖြစ်တယ်လို့ အမေရိကန် လုံခြုံရေး အကြံပေး Ben Rhodes က ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၇၀ အတွင်း အမေရိကန် သမ္မတ ဖြစ်လာတဲ့ လူတိုင်းက နျူကလီးယား လက်နက် မပြန့်ပွားတာကို လိုချင်ပေမယ့် Donald Trump ရဲ့ ပြောဆိုမှုက အမေရိကန်က နျူကလီးယား လက်နက် ပြန့်ပွားမှုကို အလိုရှိနေတယ်လို့ ပြောဆိုရာ ရောက်ပြီး ပြဿနာ ကြီး ဖြစ်ပေါ်စေနိုင်တယ်လို့ ဝေဖန်လိုက်ပါတယ်။
အရင်တုန်းက Donald Trump ကို နိုင်ငံရေး သမားတွေက အလေးမထားခဲ့ပေမယ့် Donald Trump ဟာ သမ္မတလောင်း ပြိုင်ပွဲမှာ တဖြေးဖြေး အနိုင်ရလာတဲ့အတွက် Donald Trump အပေါ် စောင့်ကြည့်မှုတွေ ဝေဖန်မှုတွေ ပိုလုပ်လာနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
Trump ရဲ့ နျူကလီးယား အစီစဉ်ကို အိမ်ဖြူတော် ဝေဖန်
Reviewed by THITHTOOLWIN
on
08:35
Rating: