မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်တွင် ဝိုင်းအထိုးခံခဲ့ရသော လူငယ်တစ်ဦး မျက်လုံးခွဲထုတ်လိုက်ရ


ဧပြီ ၂၁
သင်္ကြန်နောက်ဆုံးနေ့က မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်၌ စစ်သားဟု ယူဆရသူ တစ်ချို့ပါဝင်သည့် လူတစ်စု၏ ဝိုင်းဝန်းထိုးကြိတ် ရိုက်နှ က်ခြင်းခံခဲ့ရသော လူငယ်တစ်ဦး မန္တလေးဆေးရုံကြီးတွင် ယနေ့ နေ့လယ်က ဝဲဘက်မျက်လုံးခွဲစိပ်ထုတ်လိုက်ကြောင်းသိရသည်။

ထိုလူငယ် မောင်စိုးမင်းထက် (အသက် ၁၈ နှစ်)နှင့်အဖွဲ့သည် ထိုနေ့ညနေ ၃ နာရီခန့်က ယင်း မဏ္ဍပ်၏ ယာဘက်တွင် ရေပက်ခံနေကြစဉ် တပ်မတော် သားဆိုသူ တစ်ဦးနှင့် စတင်စကားများကြရာမှ လူအယောက် ၃၀-၄၀ ခန့်၏ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်ဟု ထိုလူငယ်ကပြောသည်။

" ဗိုလ်ကေနဲ့လူတစ်ယောက်နဲ့ စဖြစ်တာ၊ သူ့ကိုယ်သူစစ်သားလို့ပြောတယ်။ သူကလူအုပ်ကို သွားခေါ် လာပြီး ဒီကောင်တွေပဲ…ဒီကောင်တွေပဲလို့ပြောပြီး ကျွန်တော်တို့ကို လူအယောက် ၃-၄၀ လောက် ဝိုင်းရိုက်ကြတယ်။ ၃-၄၀ တောင်မကဘူးထင်တယ်။နောက် ပြန်ရောက်လာသေးတယ်။ ကျွန် တော်က လဲကျသွားတယ်။"ဟု မောင်စိုးမင်းထက်က ပြောသည်။

၎င်း၏ မျက်လုံးနှင့် နှဖူးတွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ သူငယ်ချင်းများလည်း တစ်ယောက်တစ် နေရာစီ ထွက်ပြေးကြကြောင်း၊ ဒဏ်ရာများဖြင့် မပခစစ် တပ်ဝင်းအတွင်းဝင်ပြေး သွားပြီး ချက်ပြုတ်နေ သော ရဲမေ(စစ်သား၏ဇနီး) များထံ သွားရောက်အကူအညီတောင်းခံခဲ့ကြောင်း၊ ရဲမေများက ၎င်း၏ဒဏ် ရာ သွေးများထွက်နေသည်ကိုတွေ့ပြီး စစ်ကားနှင့် ဆေးရုံလိုက်ပို့ခဲ့ကြောင်း လည်း သိရသည်။
" သားကိုကယ်ပါဦး .. သားကိုကယ်ပါဦး..လို့ ပြောပြီး ဝင်သွားတယ်။ ဒါေ တာင် ကျွန်တော့်ကို လုပ်ဖို့လိုက်လာသေးတယ်။ ၈ယောက် ၉ ယောက်ေ လာက်ရှိမယ်။ အဲဒီချက်ပြုတ်ရေးအဖွဲ့နားမှာရှိတဲ့ ဆရာကြီးတစ်ယောက် က ဟေ့ကောင်တွေ မလုပ်နဲ့တော့ သွားတော့လို့ မောင်းထုတ်လိုက်တယ်။ တပ် ထဲက ကလေးတွေပဲလို့ ပြောတာကိုတော့ ကြားလိုက်တယ်။ ကျွန်ေ တ်ာခေါင်းမူးပြီးမှောက်နေတဲ့အချိန် မှာ တစ်ယောက်ပြောတာ ကြားလိုက်တာ။ သတိလစ်သွားတော့ ဘာဆက်ဖြစ်လဲ မသိတော့ဘူး။" ဟု လည်း ဆက်လက်ပြောပြသည်။

စိုးမင်းထက်နှင့်အတူသွားသူများအနက်မှ မောင်ယိန်းတိန့်(အသက် ၁၈ နှစ်)ကလည်း -
" အဲ့ဒီ ဗိုလ်ကေနဲ့လူက အရက်မူးပြီး နဘေးမှာရှိတဲ့ မိန်းကလေးတွေကို ဟိုဆွဲ ဒီဆွဲနဲ့ လိုက် ရမ်းနေတာလေ။ အနားကကောင်တွေက သူ့ကိုကြည့် မရတော့ ဘူး။ သူ့ကိုပြောကြတယ်။ ပြောတာ ကတော့ အနားမှာရှိတဲ့ ကျွန်တော်တို့အ ဖွဲ့မဟုတ်တဲ့သူတွေရော ပြောကြတာ။ ကျွန်တော်တို့က လူ ငယ်လေးတွေ ပဲဆိုတော့ ကျွန်တော်တို့ကို မဲတာပါ။ အဲဒီမှာ သူငယ်ချင်းတွေနဲ့ပြောပြီး စကား များ ရန် ဖြစ်ကြတာ။ သူ့ကိုယ်သူ ငါကစစ်သားလို့ပြောတယ်။ အနားမှာ ထိုင်နေတဲ့ စစ်သားဝတ်စုံနဲ့လူဆီ သွား ပြီးတော့ ပြောပြ လိုက်..ပြောပြလိုက် လို့ပြောတယ်။ မင်းစစ်သားဟုတ်တာမဟုတ်တာ ကျွန်တော်တို့နဲ့ မဆိုင်ဘူး လို့ပြောလိုက်တယ်။ ငါယူနီဖောင်းဝတ်တဲ့အချိန် လာကြည့်လိုက် .ငါကအဲဒီ မှာနေတာလို့ လည်း ပြောတယ်။ ခဏစောင့်နေလို့ပြောပြီး က နေတဲ့ဘက်ကို ဝင်သွားတယ်။ သူပြန်လာတော့ လူ ၃-၄၀ လောက် ပါလာပြီး ဝိုင်းရိုက်ကြ တယ်။ကျွန်တော်တို့လည်း တိုင်းဝင်းထဲကို ဝင်ပြေးကြတယ်။နောက် က အုပ်လိုက်ကြီးလိုက်လာတော့ စိုးမင်းထက်ကိုလည်း မကယ်နိုင်တော့ဘူး။ တပ်ထိန်း တွေကလည်း ဘာမှဝင်မပြောရဲဘူးလေ။ စပြီး စကားများကတည်း က သူတို့ မြင်တယ်။ လူအုပ်က အရမ်းများတယ် ဆိုတော့ သူတို့လည်း ကြော က်မှာပေါ့။"ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်အရေးယူပေးရန် စိုးမင်းထက် ၏မိခင် ဒေါ်နန်းခင်ဇာ မင်းက မြစ်ကြီးနား နယ်မြေရဲစခန်းတွင် ဧပြီ ၁၇ ရက်က တရားလိုပြုလုပ် တိုင်တန်းရာ (ပ)၇၈/ ၂၀၁၆၊ ပြစ်မှုပုဒ်မ- ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်တွင် ဝိုင်းအထိုးခံခဲ့ရသော လူငယ်တစ်ဦး မျက်လုံးခွဲထုတ်လိုက်ရ   မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်တွင် ဝိုင်းအထိုးခံခဲ့ရသော လူငယ်တစ်ဦး မျက်လုံးခွဲထုတ်လိုက်ရ Reviewed by THITHTOOLWIN on 23:07 Rating: 5
Powered by Blogger.