ဘုရားသုံးဆူဒေသ ထိုင်းနိုင်ငံသားပိုင် သစ်သား စက်ရုံ မီးလောင်


21 Apr 2016 at 10:52

မြန်မာ ထိုင်း နယ်စပ် ဘုရားသုံးဆူ မြို့ နယ်အတွင်း က ထိုင်းနိုင်ငံသားပိုင် ပရိဘောဂ စက်ရုံ ဟာ ယနေ့ မနက်(၄)နာရီမှာ မီးလောင်ခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက့်ပိုစ့် သတင်းမှာဖေါ်ပြ ထားပါတယ်။

မြန်မာအာဏာပိုင်တွေက အကူညီတောင်းလို့  ထိုင်းမီးသတ်ကား(၆) စင်းက မြန်မာ ဘက်ခြမ်းမှာ မီးလောင်နေတဲ့ နေရာကို သွားရောက် ငြိမ်းသတ်ပေးခဲ့ရပါတယ်။

ထိုင်းမြန်မာ နှစ်နိုင်ငံ နယ်စပ် မီးသတ်သမား တွေ ပူးပေါင်းငြိမ်းသတ်ခဲ့လို့  နယ်စပ်ကပ်ရက် မှာရှိတဲ့ အိမ်ခြေ၁၀၀ လောက် မီးကူးဆက် လောင်မယ့်ဘေးကို ကာကွယ်နိုင်ခဲ့ပါတယ်။

မြေသုံးဧက အတွင်း တည်ဆောင်ထားတဲ့ သစ်သားစက်ရုံကတော့ အားလုံးနီးပါးမီးလောင်သွားခဲ့လို့  ဘတ်ငွေသန်းပေါင်း ၁၀၀(ကျပ်သန်းသုံးထောင်)ခန့် ဆုံးရူံးခဲ့ကြောင်းသိရပါတယ်။

Banbkok post
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ဘုရားသုံးဆူဒေသ ထိုင်းနိုင်ငံသားပိုင် သစ်သား စက်ရုံ မီးလောင် ဘုရားသုံးဆူဒေသ ထိုင်းနိုင်ငံသားပိုင် သစ်သား စက်ရုံ မီးလောင် Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.