![]() |
(ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဗိုလ်မှူးချုပ်မောင်မောင် ကို ဧပြီလ ၄ ရက်နေ့က တွေ့ရစဉ်) Photo: Win Naung Toe/RFA |
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ထံ ဒီနေ့ တင်သွင်းခဲ့တာဖြစ်ပြီး ပြင်ဆင်ချင်တဲ့ ကိုယ်စားလှယ်တွေ မနက်ဖြန် စာရင်းပေးကြဖို့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကြေညာရာမှာ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဗိုလ်မှူးချုပ်မောင်မောင် က အချိန်တိုးပေးဖို့ ဆွေးနွေးတာဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ တောင်းဆိုမှုကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က လက်မခံပဲ မူလဆုံးဖြတ်ချက်အတိုင်း ပြင်ဆင်ချက်တင်သွင်းလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန် နောက်ဆုံးထား စာရင်းပေးကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန် က ဒီနေ့ တင်ပြခဲ့တာဖြစ်ပါတယ်။
အခန်း ၅ ခန်းပါတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဥပဒေကြမ်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကို တစ်ခဲနက်ထောက်ခံမှုရရှိခဲ့တဲ့ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သက်တမ်းဟာ နိုင်ငံတော်သမ္မတရဲ့ သက်တမ်းအတိုင်းဖြစ်ကြောင်း ပါရှိပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
နိုင်ငံတော်အတိုင်ပင်ခံဥပဒေကြမ်း မနက်ဖြန်ဆက်လက်ဆွေးနွေးမည်
Reviewed by THITHTOOLWIN
on
18:13
Rating:
