လမ်းဘေးကလေးငယ် |
အရင်လက ထုတ်ပြန်တဲ့ သန်းခေါင်စာရင်းအရ သိရတာ ဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာ စီးပွားရေး တိုးတက်လာတာနဲ့အမျှ အလုပ်သမားတွေ ပိုမို လိုအပ်လာတာ ဖြစ်ပါတယ်။
ဆင်းရဲတဲ့ မိသားစုတွေကတော့ ချေးထားတဲ့ ငွေတွေကို ပြန်မဆပ်နိုင်တဲ့အခါမှာ တမိသားစုလုံး ဒါမှမဟုတ် ကလေးတွေကို အကြွေးရှင်ဆီ အလုပ်လုပ်စေတာ ဖြစ်တယ်လို့ မြို့ပြရဲ့ ဆင်းရဲမှုမှာ ကျွမ်းကျင်သူ Michael Slingsby က ဗွီအိုအေကို ပြောသွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေအရ အသက် ၁၃ နှစ်အောက် ကလေးတွေကို ဈေးဆိုင်နဲ့ စက်ရုံမှာ အလုပ်လုပ်ခွင့် ပိတ်ပင်ထားသလို အသက် ၁၃နှစ်နဲ့ ၁၅ နှစ်အကြား ဆယ်ကျော်သက်တွေ တစ်ရက်ကို လေးနာရီထက် အလုပ်ပိုမလုပ်ရဘူးလို့လည်း တားမြစ်ထားပါတယ်။
ဒါပေမဲ့ ကလေးငယ် အများစုဟာ လက်ဖက်ရည်ဆိုင်နဲ့ ဈေးဆိုင်တွေမှာ အများအပြား အလုပ်လုပ်နေကြဆဲ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ကလေး ၅ ယောက်မှာ ၁ ယောက်လောက် အလုပ်လုပ်ရ
Reviewed by THITHTOOLWIN
on
15:12
Rating: