ရေရှားပါးမှုအတွက် ငွေကျပ် ၂.၆၅ ဘီလီယံ အသုံးပြုမည်

မကွေးတိုင်း ကျေးရွာတစ်ရွာမှာ ရေပေးဝေနေသည်ကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/ RFA
မြန်မာနိုင်ငံက ရေရှားပါးမှုကြုံတွေ့နေရတဲ့ ကျေးရွာ ၆ဝဝ အတွက် အစိုးရက ငွေကျပ် ၂.၆၅ ဘီလီယံ အသုံးပြု ပြီး ရေရအောင် အကူအညီပေးသွားမယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောပါတယ်။

တစ်နိုင်ငံလုံးက ရေရှားပါးမှုရင်ဆိုင်နေရတဲ့ ကျေးရွာတွေအတွက် အစိုးရရဲ့ပြင်ဆင်မှုကို အာအက်ဖ်အေ က မေးမြန်းရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူအောင် က ပြောတာဖြစ်ပါတယ်။

အယ်နီညိုရာသီဥတုကြောင့် ရေရှားပါးတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ အစိုးရသစ်ရဲ့ ရက်ပေါင်း ၁ဝဝ အတွင်း ဆောင် ရွက်မယ့် စီမံကိန်းလုပ်ငန်းတွေအဖြစ် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ပအိုဝ်း ၊ ကိုးကန့်နဲ့ နာဂ စတဲ့ဒေသတွေက ရွာပေါင်း ၆ဝဝ နီးပါးကို အဲဒီလျာထားငွေနဲ့ ကူညီမှာဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ လတ်တလောမှာ ရေရှားပါးတဲ့ဒေသတွေကို ရေသယ် ယာဉ်တွေ၊ မီးသတ်ကားတွေနဲ့ ရေဖြန့်ဝေပေးနေပြီး ကုန်းလမ်းမရှိတဲ့နေရာတွေကို စက်လှေတွေနဲ့ သောက် သုံးရေတွေ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/
ရေရှားပါးမှုအတွက် ငွေကျပ် ၂.၆၅ ဘီလီယံ အသုံးပြုမည်  ရေရှားပါးမှုအတွက် ငွေကျပ် ၂.၆၅ ဘီလီယံ အသုံးပြုမည် Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.