![]() |
နိုင်ငံခြားသားတွေ ကို ပစ်မှတ်ထား ပြန်ပေးဆွဲမှုတွေ ကျူးလွန်လေ့ရှိတဲ့ အဖွဲ့ အနေနဲ့ အသိများ။ |
နိုင်ဂျီးရီးယား ရဲ့ အလယ်ပိုင်း ဒေသတစ်ခု ဖြစ်တဲ့ ခိုဂီ ပြည်နယ် မှာ အယ်လ်- ဘာနာဝီကို ဖမ်းမိ ခဲ့တာ ဖြစ်တယ်လို့ နိုင်ဂျီးရီးယား စစ်တပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရာလီ အဘူဘက္ကာ က ဆိုပါတယ်။
အယ်လ်- ဘာနာဝီ ဦးဆောင်တဲ့ အဲန်ဆာရူ အဖွဲ့ဟာ နိုင်ဂျီးရီးယား နိုင်ငံထဲက အင်အား အကြီးဆုံး အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ ဘိုကိုဟာရမ် ထဲက ကွဲထွက်လာတဲ့ အဖွဲ့ ဖြစ်ပါတယ်။
နိုင်ငံခြားသားတွေ ကို ပစ်မှတ်ထား ပြန်ပေးဆွဲမှုတွေ ကျူးလွန်လေ့ရှိတဲ့ အဖွဲ့ အနေနဲ့ အသိများ ကြပြီး သူတို့ လက်ချက် နဲ့ အနောက်နိုင်ငံသား တချို့ သေဆုံး ခဲ့ရတယ် လို့လည်း စွပ်စွဲ မှု တွေ ရှိနေပါတယ်။
ဒါ့အပြင် မြို့တော် အဘူဂျာ မှာ ရှိတဲ့ လုံခြုံရေး အတင်းကြပ်ဆုံး အကျဉ်းထောင်ကို ၂၀၁၂ တုန်းက တိုက်ခိုက် စီးနင်းပြီး ထောင်သား အရေအတွက် တချို့ကို လွှတ်ပေးခဲ့တာဟာ သူတို့လက်ချက် ဖြစ်တယ် ဆိုပြီး အဲန်ဆာရူ အဖွဲ့က ကြေညာထား ဖူးပါတယ်။
BBC Burmese
http://www.bbc.com/burmese
နိုင်ဂျီးရီးယား အစ္စလာမ်မစ် ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးမိ
Reviewed by THITHTOOLWIN
on
09:31
Rating:
