ဒေါသူပုန်ထနေသည့် တရုတ်ဆောက်လုပ်ရေးအလုပ်သမားများ၏ ဘူဒိုဇာချင်း တိုက်ပွဲ (ရုပ်/သံ)

ပေကျင်း၊ ဧပြီ-၂၁

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဆောက်လုပ်ရေးအလုပ်သမားများ အချင်းချင်းစကားများမှ တစ်ဦးနှင့် တစ်ဦး စက်ယန္တရားကြီးများနှင့် အပြန်အလှန် တိုက်ခိုက်သည့် ပုံစံသို့ ပြောင်းသွား သောကြောင့် လမ်းတစ်ခုပေါ်တွင် အနည်းဆုံးဘူဒိုဇာနှစ်စင်းခန့် မှောက်လန်သွားခဲ့သည်ဟုဆိုသည်။

စနေနေ့ကရိုက်ယူထားခဲ့သည့် အွန်လိုင်းဗွီဒီယိုတွင်မူဘူဒိုဇာသုံးလေးစင်းမှာတစ်စင်းနှင့် တစ်စင်းတွန်းတိုက်နေသောကြောင့် ဖုန်လုံးကြီးများ တလိပ်လိပ်တက်လာနေရာ ခရီးသည်တင်ကားများမှ ခပ်ဝေးဝေးသို့ မောင်းပြေးနေကြသည်ကို မြင်ကြရသည်ဟုဆိုသည်။

ထို့အပြင် ဗွီဒီယိုထဲတွင် တုံးလုံးလဲနေသောဘူဒိုဇာထဲမှာမနာမကျင် ပြေးထွက်လာသည့် ယာဉ်မောင်းတစ်ယောက်ကို မြင်ကြရသကဲ့သို့ အခြားတဖွဲ့တည်းသားဘူဒိုဇာတစ်စင်းက လဲကျနေသည့် ဘူဒိုဇာကို ပြန်လည် ထူမရန် ကြိုးစားနေပုံများကိုလည်း မြင်ကြရသည်ဟုဆိုသည်။

ဆောက်လုပ်ရေးအလုပ်သမားများမှာစီးပွားပြိုင်ဘက် ကုမ္ပဏီနှစ်ခုမှဖြစ်ပြီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သောကြောင့် ဒဏ်ရာရသူဖမ်းဆီးထားသူများအကြာင်းကို အသေးစိတ်ကို မပြောနိုင်သေးကြောင်းဒေသန္တရ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ရှူဖန်းကပြောကြားခဲ့သည်။

တရုတ်ဆောက်လုပ်ရေးကဏ္ဍမှာ ခက်ခဲကျပ်တည်းလျှက်ရှိပြီးလွန်ခဲ့သည့် ၁၀နှစ်ကထိပ်ဆုံးသို့ ရောက်ရှိခဲ့သည့် ဖွံဖြိုးမှုမှာ လက်ရှိတွင် သုံးပုံနှစ်ပုံမျှ ကျဆင်းနေသည်။ အိမ်ခြံမြေဆောက် လုပ်ရေးလုပ်ငန်းမှာ နိုင်ငံ့စီးပွားရေး၏ လေးပုံတစ်ပုံနီးပါးမျှကိုထည့်ဝင်လျှက်ရှိရာ ထိုကဏ္ဍ နှေးကွေးကျဆင်းမှုက စတီး၊ မှန်နှင့် ဘိလပ်မြေကဲသို့သောစက်မှုလုပ်ငန်း ကဏ္ဍများကိုလည်း ဂယက်ရိုက်ခတ်ရာ အလုပ်ရပ်ဆိုင်းမှုလှိုင်းလုံးများ ဖြစ်ပေါ်လာရသည်ဟုဆိုသည်။

AM
အေပီ
china.com Myanmar
https://www.facebook.com/china.com.mm


ဒေါသူပုန်ထနေသည့် တရုတ်ဆောက်လုပ်ရေးအလုပ်သမားများ၏ ဘူဒိုဇာချင်း တိုက်ပွဲ (ရုပ်/သံ)  ဒေါသူပုန်ထနေသည့် တရုတ်ဆောက်လုပ်ရေးအလုပ်သမားများ၏ ဘူဒိုဇာချင်း တိုက်ပွဲ (ရုပ်/သံ) Reviewed by THITHTOOLWIN on 23:17 Rating: 5
Powered by Blogger.