Jalalabad မြို့က လုံခြုံရေး သမား (Credit: Reuters) |
သြစတြေးလျ နိုင်ငံသူ Kerry Jane Wilson ဟာ ရုံးမှာရှိနေစဉ်အတွင်း စစ်ဝတ်စုံ ဝတ်ထားသူတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အသက် ၆၀ အရွယ် Kerry Jane ဟာ ဒိန်းမတ်နိုင်ငံက ကူညီကယ်ဆယ်ရေး အဖွဲ့တစ်ခုရဲ့ အမှုထမ်းဖြစ်ခဲ့ပေမယ့် အခုအခါမှာ အဲဒီ အဖွဲ့မှာ အလုပ်မလုပ်ဘူးလို့ သိရပါတယ်။
သူ့ကို ဘယ်သူ၊ ဘယ်အဖွဲ့က ဘယ်ကို ခေါ်သွားသလဲ ဆိုတာ မသိရသေးသလို ငွေကြေး ဘယ်လောက်နဲ့ လာရွေးပါ ဆိုတဲ့ တောင်းဆိုမှုတွေလည်း မရှိသေးပါဘူး။
Jalalabad မြို့ဟာ ပါကစ္စတန်နိုင်ငံနဲ့ နီးတဲ့ မြို့ဖြစ်သလို တာလီဘန် အဖွဲ့နဲ့ IS အစ္စလာမ်မစ် အဖွဲ့တွေ လှုပ်ရှားမှု များတဲ့ နေရာလည်း ဖြစ်ပါတယ်။
သြစတြေးလျ အစိုးရကတော့ ဒီကိစ္စကို စုံစမ်းနေဆဲ ဖြစ်ပြီး တကယ် ဖမ်းဆီးခံရမယ်ဆိုရင် Kerry Jane လွတ်မြောက်လာဖို့အတွက် လုပ်ဆောင်မယ်လို့ ပြောလိုက်ပါတယ်။
အသက် ၉၀ အရွယ် Kerry Jane Wilson ရဲ့ ဖခင် Brian Wilson ကတော့ သူ့သမီးဟာ အဲဒီဒေသမှာ အလုပ်လုပ်ရင် အန္တာရာယ် ရှိတယ်ဆိုတာကို သိသိကြီးနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ အလုပ်လုပ်လာသူ ဖြစ်တယ်လို့ ပြောပါတယ်။
ပြန်ပေးဆွဲ ခံရတဲ့ သတင်းကြောင့် ဖခင်ဖြစ်သူက စိုးရိမ်မကင်းမှု ဖြစ်နေပြီး သူ့သမီးကို အနာတရ ဖြစ်အောင် မလုပ်ကြဖို့ ဖမ်းဆီးထားသူတွေကို ပန်ကြား ပြောဆိုလိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
သြစီနိုင်ငံသား အာဖဂန်မှာ ပြန်ပေးဆွဲခံရ
Reviewed by THITHTOOLWIN
on
15:15
Rating: