မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တရားရုံးက ရတနာပုံ တက္ကသိုလ်ကျောင်းသား ၂ ဦးကို ဧပြီလ ၂၁ ရက်နေ့က တရားသေလွှတ်ပေးခဲ့စဉ်။ Photo: Hset Paing Toe/RFA |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းပေးတဲ့အတွက် အသိအမှတ်ပြုတယ်လို့ မုံရွာနည်းပညာ တက္ကသိုလ် ကျောင်းသား ကိုစိုးလှိုင်က ပြောပါတယ်။
လွတ်မြောက်လာတဲ့ ဝန်းရံသူဖြစ်သူ ကိုသန့်ဇင်အောင်က ဝရမ်းပြေးအဖြစ် ကြေညာခံထားရသူတွေကိုလည်း ကွင်းလုံးကျွတ်လွှတ်လိုက်ပြီလို့ တရားသူကြီးက ကြေညာကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျောင်းသားသပိတ်စစ်ကြောင်း မြင်းခြံမြို့ကို ရောက်ရှိစဉ်က မြင်းခြံဒီဂရီကောလိပ်ဝင်းအတွင်း က နိုင်ငံတော်အလံကိုဖြုတ်ချပြီး ဗကသ ကျောင်းသားအလံကို ပြောင်းလဲလွှင့်ထူခဲ့တဲ့အတွက် ဝန်းရံသူ ကိုဇင်ကိုသန့်နဲ့ မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသား ကိုစိုးလှိုင်တို့ ၂ ဦးကို နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ တရားမဝင်စီတန်း လှည့်လှည်မှု ပုဒ်မ ၁၈ တို့နဲ့ အစိုးရက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကျောင်းသား ၂ ဦးကို ဒီနေ့ ပြန်မလွှတ်တော့ဘူးလို့ထင်ပြီး ညနေ ၄ နာရီမှာ အထက်ဗမာပြည် ဗကသ ကျောင်းသားတွေက မြင်းခြံတရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မန္တလေး အိုးဘိုထောင်ကနေ လယ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဇော်ဝင်းလည်း လွတ်မြောက်ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြင်းခြံထောင်က ၃ ဦး လွတ်မြောက်
Reviewed by THITHTOOLWIN
on
21:02
Rating: