သမ္မတဦးထင်ကျော်သည် သူ၏အစိုးရ အဖွဲ့တွင် ပါဝင်မည့် ပြည်ထောင်စုဝန်ကြီး နှစ်နေရာအတွက် နာမည်စာရင်းကို ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည်။
အဆိုပါဝန်ကြီး ဌာနများမှာ ယခင်ကဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်သွားမည်ဟု ဆိုသော လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ဖြစ်သည်။
ယခုလွှတ်တော်သို့ တင်သွင်းသောနှစ်ဦး အနက် ဒေါက်တာမျိုးသိန်းကြီး သည် ပညာရေးဝန်ကြီးဌာနကို ကိုင်တွယ်သွားမည်ဖြစ်ပြီး ဦးဖေဇင်ထွန်း သည် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကို ကိုင်တွယ် သွားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကိုင် တွယ်မည့် ၀န်ကြီးဌာနလေးခုထဲမှ အထက်ပါနှစ်ခုကို ၀န်ကြီးနှစ်ဦးပြောင်းလဲခန့်ထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီး နှစ်နေရာသာ ထမ်းဆောင် တော့မည်ဖြစ်သည်။
၎င်းအပြင်ရှေ့နေချုပ်အဖြစ် ဦးထွန်းထွန်းကို အမည်စာရင်းတင်သွင်းခဲ့ ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဦးမော်သန်းကို နာမည်စာရင်း တင်သွင်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် အတွက် နာမည်စာရင်းတင်သွင်း
Reviewed by THITHTOOLWIN
on
12:14
Rating:
