သားကောင်ထင်၍ တူးမီးသေနတ်နှင့်ပစ်သဖြင့် ဦးခေါင်းထိမှန် သေဆုံး


ဘောလခဲမြို့တွင် တောလိုက်ထွက်ရာမှ သားကောင်ထင်၍ တူးမီးသေနတ်နှင့်ပစ်သဖြင့် ဘယ်ဘက် ဦးခေါင်းစပ်သေနတ်မှန်ပြီး ရရှိသော ဒဏ်ရာဖြင့် ပွဲခြင်းပြီးသေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဘောလခဲမြို့ရဲစခန်း မြောက်ဘက် ( ၇)မိုင်ခန့်အကွာတွင် (ဒေသအခေါ်)လေယဉ်ပျံတောင်နှင့် ထင်းရူးတောင်ကြား ရေအိုင်စပ်နေရာတွင် ဘောလခဲမြို့နယ် ကယားပိုင်းရပ်ကွက်နေ ဦးဝင်းလှိုင်၊ ဦးအားကီနှင့် ရှမ်းပိုင်းရပ်ကွက်နေ ဦးလှရွှေ တို့တောလိုက်ထွက်ရာ ဧပြီလ ၂၁ ရက် မနက် ၀၀း၁၀ချိန်တွင် ဦးလှရွှေမှ သားကောင်ထင်၍ ၎င်း၏ တူးမီးသေနတ်နှင့်ပစ်၍ ဘယ်ဘက် ဦးခေါင်းစပ် သေနတ်မှန်ပြီးရရှိသောဒဏ် ရာဖြင့် ဦးဝင်းလှိုင်သည် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်ကို ဘောလခဲမြို့မရဲစခန်းမှူး ဦးစိုးလွင်မှ ပြစ်မှုပုဒ်မ ၃၀၄ -(က ) ဖြင့် ဦးလှရွှေအား အမှုဖွင့်ထားသည်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes/
သားကောင်ထင်၍ တူးမီးသေနတ်နှင့်ပစ်သဖြင့် ဦးခေါင်းထိမှန် သေဆုံး သားကောင်ထင်၍ တူးမီးသေနတ်နှင့်ပစ်သဖြင့် ဦးခေါင်းထိမှန် သေဆုံး Reviewed by THITHTOOLWIN on 15:21 Rating: 5
Powered by Blogger.