နေပြည်တော်၊ ဧပြီ-၎
နေပြည်တော်ကောင်စီဥက္ကဌသစ် ဒေါက်တာမျိုးအောင်သည် ကောင်စီ၏ လုပ်ငန်းတာဝန်များအား ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကိုလည်း ပြန်လည်မေးမြန်းခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူတစ်ဦးက ပြောသည်။
“ဝန်ထမ်းတွေအနေနဲ့ လဘ်မစားဖို့နဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အညီလုပ်ဆောင်ဖို့ ဥက္ကဌကပြောတယ်၊ နောက်ပြီး ဝန်ထမ်းတွေနဲ့ မိတ်ဆက်တယ်၊ ဌာနတစ်ခုချင်းစီလုပ်ဆောင်နေတာကို တင်ပြကြတယ်” ဟု ၄င်းက ရှင်းပြသည်။
ယခင်နေပြည်တော်ကောင်စီအဖွဲ့တွင် ဥက္ကဌအပါအဝင် ကိုးဦးရှိပြီး ယခုအစိုးရအဖွဲ့တွင် ဥက္ကဌ တစ်ဦးတည်းကို သာခန့်အပ်ရသေးသည့်အတွက် ထပ်မံ၍ မြို့နယ်တစ်ခုချင်းစီအတွက် ကောင်စီအဖွဲ့ဝင်ရှစ်ဦး ခန့်အပ်ရမည် ဖြစ် သည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် နေပြည်တော်ကောင်စီဥက္ကဌအဖြစ် နယ်စပ်စည်ပင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး တာဝန်မှ ပြောင်းရွှေ့ကာ နိုင်ငံတော်သမ္မတရုံးဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန်၊ နေပြည်တော် ကောင်စီ ဥက္ကဌ တာဝန်များကိုထမ်းဆောင်ခဲ့သူ ဦးသိန်းညွန့်ထံမှ ဒေါက်တာမျိုးအောင်က လွဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။
ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies
နေပြည်တော်ကောင်စီဝန်ထမ်းများကို လာဘ်မစားရန် ဥက္ကဌသစ် မှာကြား
Reviewed by THITHTOOLWIN
on
18:30
Rating:
