မက္ကဆီကိုနိုင်ငံ ရေနံဓာတုပစ္စည်းစက်ရုံပေါက်ကွဲမှုဖြစ်၊ လူ ၁၃ ဦးသေဆုံး


မက္ကဆီကိုစီးတီး ဧပြီ ၂၁

မက္ကဆီကိုနိုင်ငံရှိ ရေနံဓာတုပစ္စည်းစက်ရုံတစ်ရုံတွင် ကြီးမားသောပေါက်ကွဲမှုတစ်ခု ယနေ့ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ပြီး တစ်ရာကျော်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းများအရသိရသည်။

မက္ကဆီကိုနိုင်ငံ၏ ကုတ်ဇာကိုးကိုစ်မြို့တွင်တည်ရှိသော အဆိုပါစက်ရုံ၏ လုပ်ငန်းယန္တရားများကို မက္ကဆီကို နိုင်ငံပိုင် ရေနံကုမ္ပဏီတစ်ခုဖြစ်သည့် ပီမက်စ်ကုမ္ပဏီက ဆောင်ရွက်ပေးရသည်။

ယင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၃ ဦးရှိခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များကဆိုသည်။ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၃၆ ဦးကို ဆေးကုသမှုခံယူရန် နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရေနံစက်ရုံကုမ္ပဏီက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ် ကောင်းကင်အထက်သို့ မီးခိုးလုံးများ တလူလူပျံ့လွင့်လာပုံများကို သတင်းရုပ်သံလိုင်းများက တိုက်ရိုက်ထုတ်လွှင့်ပြသကြသည်။ ကယ်ဆယ်ရေးလုပ်သားများက အခင်းဖြစ်ပွားရာနေရာမှ လူရာပေါင်းများစွာကို ဘေးလွတ်ရာနေရာများသို့ ပို့ဆောင်ပေးခဲ့ကြသည်။

စက်ရုံပေါက်ကွဲမှု၏ မူလအကြောင်းရင်းခံကို ရဲအရာရှိများက စုံစမ်းစစ်ဆေး လျက်ရှိသည်။

အင်န်အိတ်ခ်ျကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
မက္ကဆီကိုနိုင်ငံ ရေနံဓာတုပစ္စည်းစက်ရုံပေါက်ကွဲမှုဖြစ်၊ လူ ၁၃ ဦးသေဆုံး  မက္ကဆီကိုနိုင်ငံ ရေနံဓာတုပစ္စည်းစက်ရုံပေါက်ကွဲမှုဖြစ်၊ လူ ၁၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 09:29 Rating: 5
Powered by Blogger.