![]() |
တာဝန်သိပြည်သူ သတင်းပေးမှုကြောင့် ကလေးမြို့၌ လက်နက်များဖမ်းဆီးရမိ |
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဧပြီ ၃ ရက်နံနက် ၃ နာရီခွဲခန့်က သင်္ကြန်အကြိုကာလ မှုခင်းလျော့နည်းရေး လှည့်ကင်းများပြုလုပ်နေစဉ် အတွင်း သေနတ်များကိုင်ပြီး ဝင်ထွက်သွားလာနေကြောင်း တာဝန်သိပြည်သူ အချို့က သတင်းပေးလာ၍ တူမီးလက်နက်နှင့်အဆင့်မြင့် ခါးချိုးသေနတ် များကိုင်ဆောင်ထားသော အမျိုးသားလေးဦးကို ကလေးမြို့မြောက်ပိုင်း ချင်းပြည်နယ်အစပ်၌ရှိသည့် ရှုခင်းသာရွာသွားလမ်းမပေါ်ရှိ အောင်ရွာအနီး ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိခဲ့သော လက်လုပ်တူမီးသေနတ်များတွင် ယမ်းထိုး သေနတ်တစ်လက်ပါရှိပြီး ကျန်သုံးလက်မှာ ကိုက် ၂ဝဝ အကွာအဝေးထိ ထိုးဖောက်ပစ်ခတ်နိုင်သော အဆင့်မြင့် ခါးချိုးကျည်တောင့်ထည့်သေနတ် များဖြစ်ကြောင်း တာဝန်ရှိ နယ်ထိန်းခေါင်းဆောင်၏ ပြောပြချက်အရ သိရသည်။ သေနတ်လေးလက်နှင့်အတူ လက်ပန်ချောင်းရွာနေ မန်ထားလွယ်၊ လား လမ်းလျှန်၊ ဒါလ်းနေကားနှင့်အတူ ဗျက်ဆွမ်းအမည်ရှိ အမျိုးသားလေးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါလေးဦးကို ကလေးမြို့နယ်ရဲတပ်ဖွဲ့က တရား စွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သျှင်နေမင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကလေးမြို့၌ လက်နက်များဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
09:44
Rating:
