တောင်ငူ ဧပြီ ၃
တောင်ငူမြို့နယ် ဇီးပင်သာရဲစခန်း အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း မကြီး မိုင်တိုင်အမှတ် ၁၄၅ မိုင် လေးဖာလုံနှင့် ငါးဖာလုံ အကြား တွင် ဧပြီ ၃ ရက် ညနေ ၃ နာရီ ၁ဝ မိနစ်ခန့်က ယာဉ်တိမ်းမှောက် ပြီး လူနှစ်ဦးသေဆုံးကြောင်း သိရ သည်။
ဖြစ်ပွားပုံမှာ ယာဉ်မောင်း ဦးအောင်နိုင် (၅၇နှစ်)၏ ရန်ကုန် ဘက်မှ မောင်းနှင်လာသောKlugar အမျိုးအစား အနက်ရောင် မော်တော်ယာဉ်သည် ၁၄၅ မိုင်၊ လေးဖာလုံနှင့် ငါးဖာလုံကြား အရောက်တွင် ရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းကို ကျော်ကာ ဆန့်ကျင်ဘက်လမ်းသို့ ရောက်ရှိ တိမ်းမှောက်ခဲ့သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ကြောင့် ယာဉ်ပေါ်တွင် စီးနင်းလိုက် ပါလာသော တောင်ငူမြို့(၁၇)ရပ် ကွက် ရတနာလမ်းနေ ဒေါ်ခင်ဝင်း ကြည်(၆၉ နှစ်)နှင့် ဒေါ်ခင်မာရီ (၅၈ နှစ်)တို့နှစ်ဦးသည် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ယာဉ်မောင်း ဦးအောင် နိုင်မှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ ကြောင်းသိရသည်။ ယာဉ်တိမ်း မှောက်မှုအား သက်ဆိုင်ရာမှစုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သူရ(တောင်ငူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမြန်လမ်းမကြီး ၁၄၅ မိုင်အနီး၌ ယာဉ်တိမ်းမှောက်ပြီး လူနှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
09:44
Rating:
