မီဒီယာကုမ္ပဏီကြီးတစ်ခုမှ နှစ်သစ်ကူးလက်ဆောင် သိန်း(၅၀)နဲ့ သနပ်ပင်မှာ ရေကန်(၅)ကန် ပြုပြင်တူးဖော်မည်


နှစ်သစ်ကူးလက်ဆောင်ပါ ငွေကျပ်သိန်း(၅၀)ဖြင့် သောက်သုံးရေ လိုအပ်လျက်ရှိသော သနပ်ပင်မြို့နယ်မှ ကျေးရွာ(၅)ရွာရှိ ရေကန်ဟောင်း(၅)ကန်အား ပြန်လည်တူးဖော်ပြုပြင်သွားမည်

နေပြည်တော် ဧပြီ ၂၁

နိုင်ငံတော်သမ္မတရုံးက ဧပြီ(၂၀)ရက်တွင် သတင်းထုတ်ပြန်ခဲ့သော အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိအား မီဒီယာကုမ္ပဏီကြီးတစ်ခုမှ နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးအပ်သော ငွေကျပ်သိန်း(၅၀)အား နွေရာသီတွင် ရေရှားပါး သည့် သောက်သုံးရေရရှိရေး ဆောင်ရွက်သည့်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ပေးအပ် လှူဒါန်းခဲ့ရာ အဆိုပါငွေဖြင့် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးရွာ (၅)ရွာမှ ရေကန်ဟောင်း (၅)ကန်အား ပြန်လည်တူးဖော် ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သနပ်ပင်မြို့နယ်အတွင်းရှိ ရွာပေါင်း(၂၅)ရွာမှ မြေသားရေကန် များမှာ နှစ်ကာလကြာမြင့်ပြီး ရေငန်ရေစိမ့်ဝင်မှုကြောင့် သောက်ရေအဖြစ် အသုံး မပြုနိုင်ဘဲ သုံးရေအနေဖြင့်သာ အသုံးပြုနိုင်ကြောင်း၊ ၎င်းကျေးရွာများ အနက် အထက်ကျုံပါကျေးရွာ၊ နတ်ရေကန်ကျေးရွာ၊ ခလပ်စုကျေးရွာ၊ သနတ္တန်း ကျေးရွာနှင့် ကျီးပင်စုကျေးရွာများတွင် သောက်သုံးရေ ဦးစားပေး လိုအပ်လျက်ရှိရာ ၎င်းရွာများရှိ ရေကန်ဟောင်း(၅)ကန်ကို ပြန်လည်တူးဖော်နိုင်ခြင်းဖြင့် ရက်သတ္တပတ် (၂)ပတ်အတွင်း သောက်သုံးရေပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကန်များ ပြုပြင်မှုအတွက် တစ်ကန်လျှင် ငွေကျပ်(၁၀)သိန်းခန့်ဖြင့် ငွေကျပ်သိန်း (၅၀)ခန့် ကုန်ကျမည်ဖြစ်ရာ ၎င်းကန်များ ပြုပြင်ပြီးစီးပါက ကျေးရွာ (၅)ရွာရှိ အိမ်ထောင်စု(၂၉၄၉)စုရှိ လူဦးရေ စုစုပေါင်း(၁၂၇၉၅)ဦးအတွက် သောက်သုံးရေ ဖူလုံနိုင်မည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မီဒီယာကုမ္ပဏီကြီးတစ်ခုမှ နှစ်သစ်ကူးလက်ဆောင် သိန်း(၅၀)နဲ့ သနပ်ပင်မှာ ရေကန်(၅)ကန် ပြုပြင်တူးဖော်မည် မီဒီယာကုမ္ပဏီကြီးတစ်ခုမှ နှစ်သစ်ကူးလက်ဆောင် သိန်း(၅၀)နဲ့ သနပ်ပင်မှာ ရေကန်(၅)ကန် ပြုပြင်တူးဖော်မည် Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.