![]() |
Missouri ပြည်နယ်မှာ သီသီကလေး အနိုင်ရရှိသွားတဲ့ ဟီလာရီ ကလင်တန် (Credit: Reuters) |
အမေရိကန် စံတော်ချိန် အင်္ဂါနေ့တုန်းက ပြုလုပ်တဲ့ သမ္မတလောင်း ရွေးချယ်မှုအတွင်း ဟီလာရီ ကလင်တန်နဲ့ Bernie Sanders တို့အကြား အပြတ်အသတ် အနိုင်ရရှိတာမျိုး မရှိခဲ့ပါဘူး။
အဲဒီလို အခြေအနေကြောင့် မဲတွေကို ပြန်လည် ရေတွက်ဖို့ Bernie Sanders အောင်နိုင်ရေးအတွက် လှုပ်ရှားတဲ့ လူတွေက တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ AP သတင်းဌာနနဲ့ အင်တာဗျူးမှာ Bernie Sanders က Missouri ပြည်နယ်နဲ့ ပြည်သူ့ ဘဏ္ဍာငွေကို အကုန်ခံပြီး ပြန်လည်ရေတွက်တာမျိုး မလုပ်သင့်ဘူးလို့ ပြောဆိုလိုက်တဲ့အတွက် ဒီပွဲမှာ ရှုံးနိမ့်ပြီလို့ ဝန်ခံတာဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။
Missouri ပြည်နယ် သမ္မတလောင်း ရွေးချယ်ပွဲမှာ ဟီလာရီ ကလင်တန်က ၁၅၃၁ မဲနဲ့ အနိုင်ရရှိတဲ့အပြင် တခြား ပြည်နယ်မှာလည်း အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရီပါပလေကန် ပါတီရဲ့ သမ္မတလောင်း ရွေးချယ်ပွဲမှာတော့ သူဌေးကြီး Donald Trump ကပဲ ဆက်လက် ရှေ့ပြေးနေဆဲ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
Mr Sanders က ရှုံးနိမ့်ကြောင်း ဝန်ခံ
Reviewed by THITHTOOLWIN
on
08:40
Rating:
