ရွေးချယ်တင်မြှောက်ခြင်းခံရသည့် နိုင်ငံတော်သမ္မတက ဝန်ကြီးအရေအတွက်နှင့် ဝန်ကြီးဌာနအရေအတွက်များ ပြည်ထောင်စုလွှတ်တော်သို့တင်ပြထားခြင်းကို ကန့်ကွက်သူမရှိ ထောက်ခံဆွေးနွေးခဲ့ကြသည်။
ယင်းတင်ပြချက်နှင့် ပတ်သက်ပြီး NLD ကိုယ်စားလှယ် သုံးဦး တစညပါတီကိုယ်စားလှယ် တစ်ဦးနှင့် ရခိုင်ပါတီကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ငါးဦးဆွေးနွေးခဲ့သည်။
'ယခင် ဝန်ကြီးဌာန ၃၆ ခုကနေ ယခု ၂၁ ခုထိလျော့ချနိုင်ခဲ့တဲ့အတွက် နိုင်ငံ့ဘဏ္ဍာလည်း အများအပြား သက်သာစေမှာဖြစ်တဲ့အတွက် ထောက်ခံပါတယ်' ဟု မုံရွာမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးသန့်စင်မောင်က ဆိုသည်။
တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့်ပတ်သက်၍ ' အမျိုးသားရင်ကြားစေ့ရေး တိုင်းရင်းသားအရေး တွေအတွက် ကောင်းမွန်တဲ့ ကိစ္စဖြစ်တဲ့အတွက် ထောက်ခံ ပါတယ်' ဟု ဒေါက်တာအောင် ကထောက်ခံဆွေးနွေးသည်။
သမ္မတအသစ်တင်ပြထားသည့် ဝန်ကြီးဌာနများနှင့် ဝန်ကြီးအရေအတွက်ကို မတ်လ ၂၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ပြောသည်။
ကိုပေါက်(နေပြည်တော်)
The Ladies News
https://www.facebook.com/News.TheLadies
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ ရသူက တင်ပြသည့် ဝန်ကြီးဌာနများအား ကန့်ကွက်သူမရှိ
Reviewed by THITHTOOLWIN
on
14:02
Rating:
