သျှမ်းပြည်မြောက်ပိုင်းသို့ တပ်မတော်မှ တပ်မ အားလုံးနီးပါးဖြင့် အင်အားဖြည့်တင်း


မတ်လ ၁ ရက် ၂၀၁၆

မြန်မာ့တပ်မတော်၏ တပ်မကြီး ၁၀ ခု အနက် သျှမ်းပြည်မြောက်ပိုင်းသို့ ၇ ခု ပို့ဆောင်ကာ စစ်ရေး လှုပ် ရှားမှု စတင်နေသောကြောင့် တိုက်ပွဲ အကြီး အကျယ်ဖြစ်ပွားလာမည်ကို ဒေသခံများ က စိုးရိမ် နေကြ သည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန် ၊ကျောက် မဲ၊ နှင့် ကိုးကန့်ဒေသအတွင်း အပါအဝင် ရန်ကုန်တိုင်း အင်းတိုင်အခြေစိုက် တပ်မ ၁၁၊ မန္တလေးတိုင်း ရွာတောင် အခြေစိုက် တပ်မ ၃၃၊ သျှမ်းပြည်ေ တာင်ပိုင်း ကလော အခြေစိုက် တမ ၅၅၊ မကွေးတိုင်း အင်းမ အခြေစိုက် တပ်မ ၆၆၊ ပဲခူး အခြေစိုက် တပ်မ ၇၇၊ မကွေး ၈၈၊ မိတ္ထိလာ အခြေစိုက် တပ်မ ၉၉ အပြင် တပ်မ အင်အားနှင့် တူညီသည့် စကခ ၄ ဖူးကြီး၊ စကခ ၁၆ သိန္နီ၊ စကခ ၁ ကျောက်မဲ၊ စကခ ၂ မိုင်းနောင်၊ စကခ ၇ မိုးဗြဲ နှင့် ဒကစ လောက် ကိုင် တို့ ပါဝင်သည်ဟု လားရှိုးမြို့နေ တော်လှန်ရေးသမားဟောင်း စစ်ရေး အကဲ ခတ် ပုဂ္ဂိုလ် တဦး ကပြောသည်။

ဒေသအတွင်းလှုပ်ရှားနေသည့် သျှမ်းတပ်မှူးတဦးက - တပ်မ ၃၃ က နမ့်ခမ်းရောက်နေပြီ။ တပ်မ ၈၈ နဲ့ ချိန်းဖို့၊ တပ်မ ၅၅ နဲ့ စကခ ၂ က ၂၃ - ၂၄ ရက်ကတည်းက ကိုးကန့် ကိုရောက်ပြီ။ စစ်ရေးဂွင်က ကျောက်မဲ၊ နမ့်ဆန်၊ မုံးပေါ့၊ မုံးကိုး၊ ဖေါင်းဆိုင် တို့ဘက်။ အဲဒီ့ဘက်ကို စစ်ကြောင်း တကြောင်း အင်အား ၁၀၀ ကနေ ၁၅၀ အထိ ခွဲပြီးသွားနေတယ် ၊ လားတွေ ဘာတွေ ပါတယ်။ စစ်လက်နက်တွေ၊ ရိက္ခာတွေ တင်ပြီးတော့ - ဟု ပြောသည်။

ကွတ်ခိုင်မြို့နယ် အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အိုက တပ်မဟာတခု ထပ်မံတိုးချဲ့ ဖွဲ့စည်းသည့်ကိစ္စနှင့်ပတ် သက်၍ ပြည်ထောင် စုငြိမ်း ချမ်းရေးဖေါ်ဆောင်ရေးကော်မတီ က ထုတ်ပြန် ကြေငြာချက်ဖြင့် ကန့်ကွက်ထားသည်။

နမ့်ခမ်းမြို့မှ စိုင်းလုံစိုင်းကလည်း - နမ့်ခမ်းမြို့နယ်ကနေ တောင်ဘက်ခြမ်းကို အင်အားပို့တယ်။ နမ့်ခမ်းမှာဘဲ ၁၅၀၀ ကျော်နေပြီ လို့ထင်တယ်။ စစ်ကြောင်းတွေက အများကြီးဘဲ။ တကြောင်းကိုအင်အား ၁၅၀ ထက် မနည်းဘူး။ အခုရက်ပိုင်းမှာသူတို့လှုပ်ရှားနေတာတွေ့ရတယ်။ - ဟုပြောသည်။


သိန္နီမြို့ရပ်ဖ ဆရာဦးဆမ် က တပ်မတော်မှ ကချင်တပ်မဟာ ၆ (တပ်သစ်) အား ထိုးစစ်ဆင်တိုက်ခိုက် ဖွယ်ရှိသည်ဟု ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနက သျှမ်းပြည်မြောက်ပိုင်းအတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များသည် လူထုအသက်အိုးအိမ် စည်းဇိမ်ကို ထိပါးလာသည့်အတွက် လွှတ်တော်ဆုံးဖြတ် ချက်အရ တိုက်ခိုက်ရှင်းလင်းသွားမည်ဟုဆိုသည်။

Photo Credit to : Tai Mong Loi HukTai
သျှမ်းသံတော်ဆင့် / ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
သျှမ်းပြည်မြောက်ပိုင်းသို့ တပ်မတော်မှ တပ်မ အားလုံးနီးပါးဖြင့် အင်အားဖြည့်တင်း  သျှမ်းပြည်မြောက်ပိုင်းသို့ တပ်မတော်မှ တပ်မ အားလုံးနီးပါးဖြင့် အင်အားဖြည့်တင်း Reviewed by THITHTOOLWIN on 11:10 Rating: 5
Powered by Blogger.