မြောက်ဦး ဘုရားပေါ်အရပ်တွင် မီးလောင်၊ နေအိမ်သုံးလုံး ဆုံးရှုံး


နိရဉ္စရာ၊ မတ်လ ၁၇

ရခိုင်ပြည်နယ် မြောက်ဦးမြို့ လော်ဂမူ အရပ် (လက်ရှိ အခေါ် ဘုရားပေါ်ရပ်ကွက်) တွင် ယနေ့ နေ့လယ် တစ်နာရီခွဲက ဒေါ်နှင်းအေးခိုင် (၅၇) နှစ် နေအိမ်မှ မီးစလောင်ရာ အိမ်သုံးလုံး မီးထဲ ပါသွားခဲ့သည်ဟု မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ လောင်တာက ၁ နာရီခွဲ၊ ကျွန်တော်တို့ သတင်းရတာက ၁ နာရီ ၅၀ မိနစ်၊ မီးငြိမ်းသတ်နိုင်တာက ၂ နာရီ ၅ မိနစ် မှာ ဖြစ်ပါတယ်။ ဆုံးရှုံးမှု ပမာဏက ခန့်မှန်း အိမ်သုံးလုံး စုစုပေါင်း ကျပ် ခုနှစ်သောင်း ဖြစ်ပါတယ်။ မီးသတ်ဦးစီးဌာနက ခန့်မှန်းတွက်ချက် အရ ပြောတာ ဖြစ်ပါတယ်။ လူ ၉ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်” ဟု မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။


မီးစလောင်ကျွမ်းသော ဒေါ်နှင်းအေးခိုင်အိမ်မှာ အလျား ၁၂ ပေ၊ အနံ ၁၀ပေ၊ အမြင့် ၁၀ ပေရှိ ဓနိမိုး၊ ၀ါးထရံကာ နေအိမ် ဖြစ်ကြောင်း၊ ကျန် နေအိမ် နှစ်လုံးမှာ ဦးအနီမောင် (၄၉) ပိုင် အိမ်နှင့် ဦးသန်းရွှေ (၂၇) ပိုင် နေအိမ်များ ဖြစ်ကြောင်း သိရသည်။

“ မီးကြွင်း မီးကျန်တွေက စလောင်ကျွမ်းတယ်လို့ ခန့်မှန်းရတယ်။ ပေါ့ဆမှုလား၊ ဘယ်လိုလောင်တယ်ဆိုတာကို သေချာတော့ စိစစ်နေ ပါတယ်။ မြောက်ဦးမြိဲုရဲစခန်းမှာ အမှု အမှတ် (၂၃/ ၂၀၁၆) ၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်” ဟုပြောဆိုသည်။

မီးကို မြောက်ဦးမြို့နယ် မီးသတ်ဦးစီးမှူးကိုယ်တိုင် ဦးဆောင်ပြီး ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် မီးကို ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရသည်ဟု သိရှိရသည်။

(ဓာတ်ပုံ- ခရိုင်ပြန်/ဆက်)
Arakan State
https://www.facebook.com/NarinjaraNews
မြောက်ဦး ဘုရားပေါ်အရပ်တွင် မီးလောင်၊ နေအိမ်သုံးလုံး ဆုံးရှုံး   မြောက်ဦး ဘုရားပေါ်အရပ်တွင် မီးလောင်၊ နေအိမ်သုံးလုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 03:53 Rating: 5
Powered by Blogger.