စဥ့်ကိုင် မတ် ၁၇
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် သပြေရိုးကျေးရွာတွင် မတ် ၁၆ ရက် ည ၁၀ နာရီခွဲက ကျေးရွာအတွင်းရှိ လူငယ်များ သောက်စားမူးယစ်ကာ ဓားကိုင် သောင်းကျန်းပြီး စကားများရာမှ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စဥ့်ကိုင်မြို့နယ် အရှေ့ဘက် ငါးမိုင်ခန့်ကွာဝေးသော သပြေရိုးကျေးရွာ ဦးဘိုသောင်း၏ နေအိမ်အတွင်းသို့ တစ်ရွာတည်းနေ သန်းတိုးအောင် (၂၄နှစ်)သည် အရက်မူးပြီး ဓားရှည်ကိုင်ဆောင်ကာ ဝင်ရောက်ရမ်းကားနေသဖြင့် ဦးဘိုသောင်း၏ တူဖြစ်သူ ရဲအောင်က ဝင်ရောက်တားဆီးစဉ် စကားများ ရန်ဖြစ်ကြသည်။ ထိုသို့ အပြန်အလှန် စကားများနေစဉ် ရဲအောင်နှင့် ညီအစ်ကို ဝမ်းကွဲတော်စပ်သူ ဖိုးသာအောင်က တံခါးထောက်သည့်တုတ်ဖြင့် သန်းတိုးအောင်အား ၀င်ရောက်ရိုက်နှက်ရာ ဒဏ်ရာများရရှိပြီး ကျောက်ဆည်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
တင်တင်ထွေး (စဥ့်ကိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အရက်မူးပြီး စကားများ ရန်ဖြစ်ရာမှ လူတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
14:21
Rating:
