မြောက်ကိုရီးယားမှာ ဖမ်းဆီး ခံထားရတဲ့ အမေရိကန် နိုင်ငံသား Otto Frederick Warmbier (Credit: AFP) |
အသက် ၂၁ နှစ်အရွယ် အမေရိကန်နိုင်ငံသား Otto Warmbier ဟာ ဟိုတယ်မှာ ချိတ်ဆွဲထားတဲ့ ဝါဒ ဖြန့်ချီရေး ဆိုင်းဘုတ်ကို ခိုးယူခဲ့ရာက မြောက်ကိုရီးယား အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတဲ့ ပြစ်မှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရကို မုန်းတီးတဲ့အတွက် မြောက်ကိုရီးယားက အခုလို မတရား ပြစ်ဒဏ်ပေးတာလို့ အမေရိကန် အစိုးရက ပြောပါတယ်။
ဒီလပိုင်းအတွင်း မြောက်ကိုရီးယားက နျူကလီးယား လက်နက် စမ်းသပ်ပြီးတဲ့နောက် အမေရိကန်နဲ့ မြောက်ကိုရီးယား စစ်တပ်အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ဖို့ အမေရိကန်က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တဲ့အတွက်လည်း မြောက်ကိုရီးယားက မကျေမနပ် ဖြစ်နေပါတယ်။
မြောက်ကိုရီးယား အနေနဲ့ အမေရိကန်နိုင်ငံက အစိုးရ အရာရှိတွေကို လာလည်စေချင်တဲ့အခါမှာ အမေရိကန်နိုင်ငံသားတွေကို ဘန်းပြ ဖမ်းဆီးတာမျိုး လုပ်တတ်တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာနဲ့ ဘီလ်ကလင်တန်တို့လို ပုဂ္ဂိုလ်တွေ မြောက်ကိုရီးယားကို အလည်အပတ် သွားရတာမျိုး ရှိခဲ့ဖူးပါတယ်။
အခုလောလောဆယ် မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသား ၃ ဦး ရှိတယ်လို့လည်း သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ကိုရီးယား ဖမ်းထားတဲ့ ကန်နိုင်ငံသားကို လွတ်ပေးဖို့ တောင်းဆို
Reviewed by THITHTOOLWIN
on
08:14
Rating: