ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စုတွင် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတဦး အသတ်ခံခဲ့ရသည့် လူသတ်ပစ္စည်း ခိုးယူမှုတွင် ကျုးလွန်သူအား မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ နွယ်နီကျေးရွာ၊ သစ်ကွက်အမှတ် ၁၃ တွင်နေထိုင်သော ဒေါ်ပွေး နေအိမ်၌ ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို ယနေ့ မတ်လ ၁၂ ရက်နေ့ မနက်အစောပိုင်းက တွေ့ရှိခဲ့သည်။ အသတ်ခံရသူ ဒေါ်ပွေးသည် ငွေကြေး အတန်အသင့် ကြွယ်ဝသူဖြစ်ပြီး ခင်ပွန်းသည် ခရီးသွားနေချိန်ဖြစ်ကြောင်း၊ အသတ်ခံရချိန်၌ ဒေါ်ပွေး၏နေအိမ်မှ ဂိုဒေါင်စောင့်မှာ အရက်မူးပြီး အိပ်ပျော်နေကြောင်း၊ အိပ်ပျော်နေချိန်၌ ဓါးဖြင့်ထိုးသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ကသာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်အောင်မြင့် ဦးစီးပြီး ကသာမြို့မရဲစခန်းမှူး ဒုရဲမှူး လှဦးနှင့်အဖွဲ့၊ ကျောက်ထုံးကြီးရဲစခန်းမှူး ရဲအုပ်မြတ်စိုးနှင့်အဖွဲ့တို့ ပူးပေါင်း၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့ရာ ၁၅.၃.၂၀၁၆ နေ့ ညနေ ၅ နာရီတွင် တရားခံဟု ယူဆရသူ ငလင်း(ခ)ကျော်လင်းထွန်းအား စစ်ဆေးရာ ၎င်းမှ ပြစ်မှုကျုးလွန်ကြောင်းဝန်ခံပြီး ဒေါ်ပွေးအားသတ်ပြီးယူဆောင်သွားသည့် ရွှေထည်ပစ္စည်း အလေးချိန် ၂၂ ကျပ်သား၊ လူသတ်မှု ကျုးလွန်ရာတွင် အသုံးပြုခဲ့သော ဓါးတလက်နှင့် အခြားသက်သေခံပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အေးလွင်(ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကသာ လူသတ် ပစ္စည်းခိုးယူမှု တရားခံအား ဖမ်းမိ
Reviewed by THITHTOOLWIN
on
11:34
Rating:
