ပြင်ဦးလွင် မတ် ၁၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပဒေသာမြို့သစ်(ယ)ရပ်ကွက်ရှိ နေအိမ်တစ် အိမ်၌ မတ် ၁၅ ရက် နံနက် ၉ နာရီခွဲခန့်က လူကြီးများမရှိဘဲ အသက် ငါးနှစ်နှင့် ၁ဝ နှစ် အရွယ် ကလေးငယ်နှစ်ဦးသာ ရှိနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များက မီးသတ်ယာဉ်နှစ်စီး၊ ရပ်ကွက်မှ အရေးပေါ် မီးသတ်ယာဉ်ငယ်တစ်စီးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်း၍ မီးငြှိမ်း သတ်ခြင်းကြောင့် ၁၅ မိနစ်ခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်အိမ်၏ အပေါ်ထပ်နှင့် သစ်သားလှေကား၊ အောက် ထပ်မှ အခန်းတစ်ခန်း မီးသင့်ပျက်စီးခဲ့ပြီး ကလေးငယ်နှစ်ဦးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ မြို့နယ် တာဝန်ရှိသူများက လျှပ်စစ်ဝိုင်ယာ ကြိုး အပူလွန်၍ ရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်း ခဲ့သည်ဟု ဆိုသည်။
မီးလောင်မှုကြောင့် ပတ်ဝန်းကျင် အိုးအိမ်များ ထိခိုက်ပျက်စီးမှု မရှိသော်လည်း လက်ရှိနေထိုင်သည့်အိမ်ရှင် ကို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။
ဇော်မင်းထွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပြင်ဦးလွင်ပဒေသာမြို့သစ်၌မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
15:22
Rating:
