လော့စ်အိန်ဂျလိစ် ၊ ၁၆-၃-၂၀၁၆
ရုရှားနိုင်ငံတွင် အသက် ၁၂ နှစ်အရွယ်ရှိ ကျောင်းသူ တစ်ဦးနှင့် တခြား ကျောင်းသူများအား အဓမ္မပြုကျင့် ခဲ့သည့် အမေရိကန် နိုင်ငံသား အမျိုးသား တစ်ဦးကို မတ် ၁၄ ရက်တွင် အမေရိကန် တရားရုံး တစ်ရုံးက ထောင်ဒဏ် နှစ် ၁၅ဝ ချမှတ် ခဲ့ကြောင်း သိရသည်။
အသက် ၅၈ နှစ်အရွယ် ယုဆပ်ဖ် အေဘရာမော့ အမည်ရှိ အဆိုပါ အမျိုးသားသည် ရုရှားနှင့် အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူ ဖြစ်ပြီး ရုရှားနိုင်ငံသို့ မကြာခဏ အလည်အပတ် သွားရောက်စဉ် ကျောင်းသူ များကို အနိုင်ကျင့် အမြတ်ထုတ်ခဲ့သူ ဖြစ်ကြောင်း အမေရိကန်ခရိုင် တရားသူကြီး အိုတစ်ဝရိုက် က ပြောကြားသည်။
၂ဝဝ၉ ခုနှစ် ဇွန်လက ယုဆပ်ဖ် သည် အသက် ၁၂ နှစ်အရွယ် ကျောင်းသူ တစ်ဦးကို အဓမ္မပြုကျင့် ခဲ့ပြီး အာဏာပိုင် များအား တိုင်ကြားပါက ဦးခေါင်းကို ဖြတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောကြားခဲ့သည်။ ထို့နောက် လပေါင်းများစွာ အကြာတွင် ရုရှားနိုင်ငံ သို့ နောက်တစ်ကြိမ် သွားရောက်ခဲ့ပြီး တခြား မိန်းကလေးငယ် များကိုလည်း အနိုင်ကျင့် ခဲ့ကြောင်း အိုတစ်ဝရိုက် ၏ ပြောကြားချက် အရ သိရသည်။
PyiChitThar
http://www.pyichitthar.com
ရုရှားကျောင်းသူများကို အဓမ္မပြုကျင့်ခဲ့သည့် အမေရိကန် အမျိုးသားကို ထောင်ဒဏ် နှစ် ၁၅၀ ချမှတ်
Reviewed by THITHTOOLWIN
on
18:24
Rating:
