မတ်လ ၂၁ ရက်နေ့တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဝန်ကြီးများ၏ အမည်စာရင်းများ ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုနိုင်ရန် တင်ပြချိန်နီးလာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစိုးရအဖွဲ့တွင် ပါဝင် လာနိုင်ဖွယ်ရှိကြောင်း လွှတ်တော် အစုအဖွဲ့ အသိုင်းအဝန်းတွင် သတင်းထွက်ပေါ်လျက် ရှိသည်။
“ကော်မတီဖြစ်သွားရင် ဒေါ်အောင်ဆန်းစုကြည်က ဘယ်ထဲမှ မပါတော့ဘူးဆိုပြီး ဝေဖန်မှုတွေ ရှိတယ်၊ ဒါဟာ လွှတ်တော်ထဲမှာရှိတဲ့ အဖွဲ့အစည်း၊ ဒါက ကော်မတီမဟုတ်ဘူး၊ အဖွဲ့အစည်းဖြစ်တယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသော လွှတ်တော်ရေးရာ မြှင့်တင်ရေးအဖွဲ့တွင် လွှတ်တော်များ၏ ညွှန်/ချုပ်များလည်း ပါဝင်သည့်အတွက် ကော်မတီမဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပြီး ယင်းအဖွဲ့အစည်းသည် ပြီးခဲ့သည့် လွှတ်တော်တွင်လည်း ရှိခဲ့သည်ဟု ၄င်းက ဆိုသည်။
လွှတ်တော်များရှိ ရေးရာကော်မတီ ဥက္ကဋ္ဌများသည် အစိုးရအဖွဲ့ထဲတွင် ပါဝင်မည် မဟုတ်ဘဲ အစိုးရ၏ ဆောင်ရွက်ချက်များ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိကိုသာ လွှတ်တော်မှတစ်ဆင့် စောင့်ကြည့် ထိန်းကျောင်းသွားမည် ဖြစ်သည်။
ကိုပေါက်(နေပြည်တော်)
The Ladies News
https://www.facebook.com/News.TheLadies
ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်အဖွဲ့တွင် ပါဝင်လာနိုင်ဖွယ်ရှိ
Reviewed by THITHTOOLWIN
on
14:15
Rating:
