ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာ မီးလောင်ကျွမ်းမှုကို တပ်မတော်(ရေ)မှ ကူညီ ကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိခြင်း
၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ည ၁၀ နာရီ ချိန်တွင် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ တောင်ပြို ကျေးရွာရှိ ဦးအာဆီ၊ ဒေါ်ခိုင်လာဘီ အိမ်ဈေးဆိုင် မီးစက်မှ Dynamo Wire Shock ဖြစ်ပြီး မီးစတင် လောင်ကျွမ်းခဲ့ရာ တောင်ပြိုကျေးရွာ အိမ်ခြေ ၂၁၈ အိမ်အနက် ၅၉ အိမ် မီးလောင်ကျွမ်းခဲ့ပြီး မတ်လ ၂ ရက်နေ့ နံနက် ၀၀၃၀ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
မီးလောင်ကျွမ်းသည့် နေရာသို့ နယ်မြေခံတနင်္သာရီရေတပ်စခန်းဌာနချုပ်မှ အရာရှိ/စစ်သည်များသည် ဒေသခံပြည်သူများ ၊ အခြားနယ်မြေခံတပ်မတော်သားများနှင့်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လိုအပ်သော ကယ်ဆယ်မှုများနှင့် မီးငြိမ်းသတ်မှုများ ဆောင်ရွက်ပေးခြင်း၊ သောက်ရေသန့်၊ ဆန်၊ ဆီနှင့်စားသာက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။
တပ်မတော်-ရေ
https://www.facebook.com/MyanmarNavyOfficial/
ကျွန်းစုမြို့နယ်၊ တောင်ပြိုကျေးရွာတွင် အိမ်ခြေ ၂၁၈ အိမ်အနက် ၅၉ အိမ် မီးလောင်ကျွမ်း
Reviewed by THITHTOOLWIN
on
11:10
Rating: