ဟဲဟိုး ၊ မတ် ၁၈
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ဟဲဟိုးမြို့၏ မြောက်ဘက် ၄မိုင်ခန့်အကွာ၊ ဟဲဟိုးလေဆိပ်အနီးရှိ လယ်ခေါင်းကျေးရွာတွင် ယနေ့ ( မတ်လ ၁၈) နံနက် ၁၀း၃၀ ခန့်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ သားအမိ ၂ ဦး မီးလောင်၍ ကွယ်လွန်သွားကြောင်း ၊ နေအိမ် ၃ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်သည့်နေရာတွင် ရောက်ရှိသတင်းရယူနေသည့် ကမ္ဘောဇတိုင်းသတင်းထောက်က ယနေ့ ( မတ် -၁၈) နေ့လယ်ပိုင်းတွင် သတင်းပေးပို့သည်။
” မီးကိုငြိမ်းနေတုန်းပါ။ ထိန်းတော့ ထိန်းနိုင်သွားပါပြီ။ နေအိမ် ၃ လုံးတော့ မီးလောင်ကျွမ်းသွားပါတယ်။ ဘေးအိမ်တွေကို ကူးစက်မယ့် အနေအထား တော့မရှိတော့ဘူး၊ ဟဲဟိုးက မီးသတ်ကား ၁စီး၊အောင်ပန်းက မီးသတ်ကား ၁ စီး၊ ၊ ဟဲ ဟိုးကပဲ ရေသယ်ယာဉ် ၁ စီးနဲ့ မီးငြိမ်းသတ်နေတာပါ။ ဘေးနားရွာက လူတွေကလည်း ထော်လာဂျီတွေ နဲ့လာပြီး မီးငြိမ်းသတ်ပေးနေပါတယ်။ အရက်မူးနေတဲ့ အသက် ၄၀ အရွယ်သားဖြစ်သူက အသက် ၆၀ အရွယ် မိခင်ကို ပြသနာရှာပြီး၊ သူ့ရဲ့အ၀တ်အစားတွေကို မီးရှို့ ရာကနေ မီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ ရွာသားတစ်ဦးကကျွန်တော့်ကို ပြောပါတယ်။ အ၀တ်အစား မီးရှို့ တဲ့ သားဖြစ်သူရော၊ အသက် ၆၀ အရွယ် မိခင်ပါ မီးလောင်ပြီးသေဆုံးသွားခဲ့တယ်လို့ အဲဒီရွာသားကပဲကျွန်တော့်ကိုပြောပါတယ် ” ဟု၎င်းကဆိုသည်။
ခင်မောင်ထွေး( KBZT NEWS )
PHOTO BY - KBZT NEWS
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
ဟဲဟိုးမြို့နယ် လယ်ခေါင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားနေ၊ သားအမိ ၂ ဦး မီးလောင်၍ ကွယ်လွန်
Reviewed by THITHTOOLWIN
on
15:23
Rating:
