သာစည် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်-တောင်ကြီးသွား ကားလမ်းမကြီးဘေး သာစည်မြို့မှ ၄ မိုင်ခန့်အကွာရှိ ငှက်မင်းကုန်းကျေးရွာတွင် မတ် (၁၆)ရက်နေ့ နေ့လည် (၁၂း၄၅)နာရီက နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ငှက်မင်းကုန်းကျေးရွာ ဒေါ်တင်မြ၏ နေအိမ်တွင် ဆိုလာဖြင့်ဘက်ထရီ အားသွင်းရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၄ ပင် ၃ ပင် ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်အဆောက်အဦတစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ၀န်ထမ်းများမှ မီးသတ်ယာဉ်(၄)စီးဖြင့် မီးငြိမ်းသတ်ခြင်း၊ ကျေးရွာပြည်သူများမှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခြင်းတို့ကြောင့် (၁၂း၅၅)နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၃း၁၀)နာရီအချိန် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
သာစည် မြို့နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သာစည်မြို့နယ် ငှက်မင်းကုန်းကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:32
Rating:
