ရောမမြို့ IS ဆန့်ကျင်ရေး ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ် (Credit: Reuters) |
ရောမမြို့မှာ ပြုလုပ်နေတဲ့ အစည်းအဝေးမှာ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ်လည်း တက်ရောက်နေပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဆွေးနွေးမှုအတွင်း လစ်ဗျားအရေးကို အဓိကထား ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
လစ်ဗျားနိုင်ငံမှာ ဒေါ်လာ သန်းနဲ့ချီ တန်ဖိုးရှိတဲ့ ရေနံတွင်းတွေ ရှိနေတာကြောင့် IS လို့ အဖွဲ့ရဲ့ လက်ထဲ ကျရောက်သွားမှာကို စိုးရိမ်နေကြပါတယ်။
လစ်ဗျားနိုင်ငံမှာ နယ်စပ်လုံခြုံရေးတွေ ရှိအောင်၊ လစ်ဗျားပြည်သူတွေရဲ့ လုံခြုံရေးရှိအောင် လုပ်ဆောင်ပေးမယ့် အစိုးရတစ်ခု ပေါ်ပေါက်အောင် လုပ်ဆောင်ဖို့ကိုလည်း စိတ်ဝင်စားနေကြပါတယ်။
IS တိုက်ခိုက်ချေမှုန်းရေးမှာ ပိုမို ပါဝင်လုပ်ဆောင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက မဟာမိတ်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
သြစတြေးလျကတော့ အီရတ်မှာ စစ်ရေးအရ ဒုတိယအများဆုံး ပါဝင်နေတဲ့အတွက် ထပ်မံ အင်အားဖြည့်ဖို့ လုပ်သင့်မသင့်ဆိုတာကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။
အမေရိကန်က သြစတြေးလျကို ဖိအားပေးတာမျိုး မရှိဘူးလို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပြီး တခြား မဟာမိတ်နိုင်ငံတွေ ပိုပြီး တိုးချဲ့ လုပ်ဆောင်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အခုလောလောဆယ် IS ကို တိုက်ခိုက်ဖို့ သြစတြေးလျ စစ်သား အယောက်ပေါင်း ၇၅၀ အရှေ့အလယ်ပိုင်းမှာ ရောက်ရှိနေသလို ဝေဟင်တိုက်ခိုက်မှုမှာလည်း သြစတြေးလျက ပါဝင်ထားပါတယ်။
အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကနေ ဝေဟင်တိုက်ခိုက်မှု အကြိမ်ပေါင်း တစ်သောင်း ပြုလုပ်ခဲ့ပြီး အဲဒီလို တိုက်ခိုက်မှုအတွင်း အလယ်အလတ် အဆင့်ရှိတဲ့ IS ခေါင်းဆောင်နဲ့ အဆင့်မြင့် ခေါင်းဆောင် တချို့ သေဆုံးခဲ့ရပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
By London bureau chief Lisa Millar
ABC Radio Australia
http://www.radioaustralia.net.au/burmese
ISတွေ လစ်ဗျားထဲ အခြေချမှာကို စိုးရိမ်နေ
Reviewed by THITHTOOLWIN
on
09:39
Rating: