ဖေဖေါ်ဝါရီ ၂၁ ။
ကျောက်မဲမြို့နယ်၊ကျွဲကုန်းကျေးရွာအုပ်စု၊နောင်ပိန်လေးကျေးရွာဇေယျသုခဘုန်းကြီးကျောင်းအတွင်း၊ ယနေ့(ဖေဖေါ်ဝါရီလ ၂၁ ) မွန်းလွဲ ၁ နာရီ ၁၅ မိနစ် ခန့်က ကျောင်ဆောင်တစ်ခုမီးလောင်ကျွမ်းခဲ့ ကြောင်း သိရသည်။
ဖြစ်ပွားရခြင်းမှာ ကနဦးသတင်းများအရ တောမီးမှတစ်ဆင့် ကူးဆက်ေ လာင်ကျွမ်းခြင်းဖြစ်၍ ၁နာရီ ၅၀-မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး ထရံကာ သွပ်မိုးကျောင်းဆောင်တစ်ဆောင်နှင့် ကွန်ပျုတာ ၁၃-လုံး၊ ပရင်တာ ၊မိတ္တုကူးစက် ၂-လုံး၊ဆိုင်ကယ် ၆-စီး တို့ လောင်ကျွမ်းခဲ့သည်။
ရက်ပေါင်း ၃၀-ကျော်အတွင်း တစ်နိုင်ငံလုံး၌ မီးလောင်မှု အကြိမ် ၃၀-ခန့် ဖြစ်ပွားခဲ့သည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်ထံမှ သိရသည်။
Mandalay News
ကျောက်မဲမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:11
Rating:
