အစိုးရသစ်မှာ အကန့်အသတ်တွေ များတယ်လို့ ဦးမင်းကိုနိုင်ပြော

၈၈ မျိုးဆက် ခေါင်းဆောင်တစ်ယောက်ဖြစ်သူ ဦးမင်းကိုနိုင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဦးဆောင်တဲ့ အစိုးရ ပေါ်ပေါက် လာတော့မယ် ဆိုပေမဲ့ တကယ်တန်း အဲဒီ အစိုးရကို တကယ်တန်း အစိုးရသစ်လို့ မြင်လို့ မရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ထင်ရှားတဲ့ ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပါတယ်။

ပြည်တွင်းရေး ပြဿနာတွေကို အဓိက ကိုင်တွယ် ဖြေရှင်းရမယ့် ပြည်ထဲရေး ဝန်ကြီးဌာနကို ရွေးကောက် တင်မြှောက် ခံထားရသူတွေ လာမှာ မဟုတ်ဘဲ စစ်တပ်က လာမယ့် ဗိုလ်ချုပ်ကြီးတွေ ဒုတိယ ဗိုလ်ချုပ်ကြီးတွေက ချုပ်ကိုင် ကြမှာ ဖြစ်တယ်လို့ ဦးမင်းကိုနိုင်က ထောက်ပြ ပြောဆို ပါတယ်။

အရပ်ဖက် အုပ်ချုပ်ရေး ဆိုတာဘက်ကို ကြည့်မယ် ဆိုရင်လည်း ရပ်ကွက်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဆိုသူတွေရဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန အကြီးအကဲဟာ ပြည်ထဲရေး ဝန်ကြီး ဖြစ်နေပြန်တယ်လို့ သူက ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ဖို့ရာ ဆိုရင်လည်းမြို့နယ်၊ ခရိုင်၊ ပြည်နဲ့ တိုင်းအဆင့် တရားသူကြီးတွေဟာ နှစ်ကာလ ကြာရှည်အောင် ပုံစံခွက်ထဲမှာ နေခဲ့ကြသူတွေ ဖြစ်လို့ ဘယ်လောက် စိတ်ချ အာမခံနိုင်မယ် ဆိုတာ ပြောဖို့ ခက်တယ်လို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။

ဒါ့အပြင် သူက စစ်တပ် အနေနဲ့ ပြည်သူတွေပေးထားတဲ့ မဲရလဒ်၊ ရွေးကောက်ပွဲ ရလဒ်တွေကို အလေးထား စဉ်းစားစေချင်တယ်လို့လည်း ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
အစိုးရသစ်မှာ အကန့်အသတ်တွေ များတယ်လို့ ဦးမင်းကိုနိုင်ပြော  အစိုးရသစ်မှာ အကန့်အသတ်တွေ များတယ်လို့ ဦးမင်းကိုနိုင်ပြော Reviewed by THITHTOOLWIN on 04:23 Rating: 5
Powered by Blogger.