အစိုးရသစ် အနေနဲ့ စီးပွားရေး အသိုက်အဝန်း ကို ထူထောင် ပေးဖို့ လို |
ဒါပေမယ့် စီးပွားရေး ဆိုင်ရာ အဆောက်အဦတွေ၊ စီးပွားရေး ဆိုင်ရာ ပတ်ဝန်းကျင်နဲ့ ဥပဒေ တွေ က လိုအပ်ချက်တွေ ရှိနေပြီး စီးပွားရေး လုပ်ငန်း ရှင်တွေနဲ့ အစိုးရ နဲ့ မပြတ် တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ် နေတယ်လို့ လည်း ပြောပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကနေ မြန်မာ နိုင်ငံ အနေနဲ့ အကျိုး ခံစားခွင့် ရရှိလာစေဖို့ အတွက်က ပြည်ပ ကုမ္ပဏီတွေ အပြည့်အဝ ရင်းနှီးမြှုပ်နှံလာစေ ဖို့အစိုးရသစ် အနေနဲ့ စီးပွားရေး အသိုက်အဝန်း ကို ထူထောင် ပေးဖို့ လိုတယ် လို့လည်း ပြောပါတယ်။
စီးပွားရေး မူဝါဒတွေ အနေနဲ့ ရွေးကောက်ပွဲ ကာလမှာ NLD ပါတီက တင်ပြထားတာ တွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား မရှိပေမယ့် အစိုးရသစ် အနေနဲ့ ကောင်းမွန်တဲ့ အချက်တွေကို ဆောင်ရွက်သွားမယ် ဆိုတာ သိရှိ ထားတယ်လို့ UMFCCI ဗဟို ကော်မတီဝင် ဦးမြင့်စိုးက ပြောပါတယ်။
ဘယ် အစိုးရပဲ တက်လာတက်လာ စက်မှု ကုန်သည်ကြီးများ အသင်း UMFCCI အနေနဲ့ Market Access လို့ ခေါ်တဲ့ ဈေးကွက် လိုအပ်ချက်တွေ၊ စီးပွားရေး အဆောက်အဦ လိုအပ်ချက်တွေ၊ ငွေကြေး ဆိုင်ရာ လိုအပ်ချက် တွေနဲ့ ပတ်သက်ပြီး အစိုးရသစ် နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
အစိုးရသစ် နဲ့ စီးပွားရေး ကဏ္ဍ
Reviewed by THITHTOOLWIN
on
06:33
Rating: