Tigris မြစ်ပေါ်မှာ တည်ရှိတဲ့ Mosul ဆည်ကို တွေ့ရစဉ် (Credit: AFP) |
Mosul ဆည်ဟာ Tigris မြစ်ပေါ်မှာ တည်ရှိပြီး မြစ်တလျှောက်မှာ သိန်းနဲ့ချီတဲ့ လူတွေ နေထိုင်တာကြောင့် ဆည်ကြီးပြိုကြရင် လူအများအပြား ဒုက္ခရောက်မယ့် အနေအထား ရှိနေပါတယ်။
ဆည်ပြိုကျနိုင်တယ်ဆိုတာကို အီရတ်အာဏာပိုင်တွေကလည်း သိရှိထားပြီး မပြိုကျအောင် အထောက်အပံ့တွေ လုပ်ထားနေရတယ်လို့ အမေရိကန် စစ်အရာရှိ Sean MacFarland က ပြောပါတယ်။
အမေရိကန်နိုင်ငံက ဆည်မှာ အဲလို စိုးရိမ်ရမယ့် အခြေအနေ ရောက်နေမယ်ဆိုရင်တော့ ဆည်အပေါ်ပိုင်းက ကန်ရေတွေကို ထုတ်ပြီး ဆည်ကို ဖယ်ရှားတာတွေ၊ ပြုပြင်တာတွေ လုပ်မယ်လို့ ဆိုပါတယ်။
Mosul မြို့ကို IS အစ္စလာမ်မစ် တပ်ဖွဲ့က ၂၀၁၄ ခုနှစ်ကတည်းက သိမ်းပိုက်ထားတာ ဖြစ်ပြီး အဲဒီဆည်ကို အကြမ်းဖက်သမားတွေကသာ ဖောက်ခွဲလိုက်ရင် မြစ်အောက်ပိုင်းက လူတွေ သိန်းနဲ့ချီ သေဆုံးရမယ့်ကိန်း ရှိနေပါတယ်။
ဒါပေမဲ့ အဲဒီ ဆည်ကို Kurdish Peshmerga စစ်တပ်က အီရတ်စစ်သားရဲ့ အကူအညီနဲ့ IS လက်ထဲကနေ ပြန်သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။
အဲဒီဆည်ကို ၁၉၈၀ ပြည့်နှစ်ကတည်းက တည်ဆောက်ပေမယ့် စဆောက်ကတည်းက အရည်အသွေးညံ့တယ်လို့ သိရပြီး အီတလီနိုင်ငံက ကုမ္ပဏီက အဲဒီဆည်ကို ပြုပြင်မှုတွေ လုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
အီရတ်နိုင်ငံက Mosul ဆည် ပြိုကျနိုင်လို့ ကန်သတိပေး
Reviewed by THITHTOOLWIN
on
10:10
Rating: