မြို့သစ် ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မကွေး-မြို့သစ်-နေပြည်တော် ကားလမ်း မိုင်တိုင်အမှတ် (၅၃/ဝ)နှင့် (၅၃/၁) အကြား တပ်ကုန်းကျေးရွာအုပ်စု ပေကံကုန်းကျေးရွာအနီး၌ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲက မီးသတ်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်လေးတိုင်စင်ကျေးရွာနယ်မြေ မီးသတ်စခန်းမှ ယာဉ်မောင်း ကျော်သက်ဦး (၂၄နှစ်)၏ ဘေးထိုင်ခုံတွင် အောင်ရဲခေါင်(၂၄ နှစ်)အားတင်ဆောင်၍ ဌာနပိုင်မော်တော်ယာဉ် အမှတ်1J/---- မီးသတ်ယာဉ်ကို မြို့သစ်မြို့သို့လေပေါင်ချိန်ရန်နှင့် မီးသတ်ရေဖြည့်ရန် မောင်းနှင်လာစဉ် မကွေးမြို့သစ်-နေပြည်တော် ကားလမ်း မိုင်တိုင်အမှတ် (၅၃/ဝ)နှင့်(၅၃/၁) အကြားအရောက်ယာဉ်၏ ရှေ့ဘီးနှင့်နောက်ဘီး နှစ်ဘီးလုံး ပေါက်ကာ ကားလမ်းမကြီး၏ ဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကျော်သက်ဦးတွင် (မစိုးရိမ်ရ)ဒဏ်ရာနှင့် အောင်ရဲခေါင်တွင် (စိုးရိမ်ရ)ဒဏ်ရာများရရှိသဖြင့် ဒဏ်ရာရရှိသူနှစ်ဦးအား မြို့သစ်ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ထားခဲ့ရာမှ နေပြည်တော် ခုတင် (၁ဝဝဝ)ဆေးရုံသို့ ချက်ချင်းလွှဲပြောင်းပေးခဲ့သော်လည်း အောင်ရဲခေါင်မှာ ရရှိဒဏ်ရာဖြင့် ညနေပိုင်းသေဆုံး သွားကြောင်း၊ ယာဉ်ပေါ့ဆစွာ မောင်းနှင်သူ ကျော်သက်ဦးအား မြို့သစ်မြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြို့သစ်မြို့နယ်၌မီးသတ်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
17:41
Rating:
